[25.2]

2.7K 559 5
                                    

[Unicode]

သဝန်တို​နေတဲ့ Wulong  နှင့် Shuang Ma ဝတ္ထုများ

သို့သော်လည်း သူ အံ့သြသွားရသည်။
ဆုနိုက တကယ်ကြီးကို စားဖို့ ငြင်းဆန်လိုက်တယ်!!

အကြောင်းအရင်းက​တော့ လွန်ခဲ့တဲ့နှစ်နာရီလောက်က လုပ်​လေ့လုပ်ထရှိသည့်အတိုင်း ဒိုင်အန်းက သူ့ကို  အရသာရှိတဲ့ တန်ဖိုးကြီးစားပွဲတစ်ခုကို ကျွေးထားခဲ့သည့်အတွက်  သူ့ဗိုက်က တော်တော်လေးပြည့်နေခြင်းသာ။

ဒါပေမယ့် အိုးရန်လုံက​တော့ ဒါတွေကိုမသိခဲ့ပေ!
ထို့ကြောင့် သူရဲ့ စရိုက်အရ ချိုးကျီယန်က တခြားတ​စ်​ယောက်နဲ့ ရယ်လိုက်​မောလိုက်ဖြင့် စကား​တွေပြောလိုက်နဲ့ ကိုယ်ထိလက်ရောက်ထိ​တွေ့မှု​တွေ လုပ်​နေသည်ကို မြင်လိုက်လို့ သူ့ရဲ့ အစားစားချင်စိတ် ပျောက်သွားသည်ဟုသာ ဆုံးဖြတ်လိုက်သည်။
ထို့အတွက်ကြောင့် မစ္စတာဒါရိုက်တာတစ်​ယောက် ပို၍ပင်ချဉ်လာရသည်။

ငါ absမန်း ကိုအမှန်အတိုင်းပြောလိုက်သင့်လား? ဆုနိုညစာစားပွဲရှေ့မှာ မတ်တပ်ရပ်​နေရင်း စိတ်​တွေကလည်း ထွေပြား​နေသည်။

သူ အခုအချိန်ထိ ဘာလို့ အာရုံပြန်မစိုက်နိုင်​သေးတာလဲ?!အိုးရန်လုံရဲ့ ခေါင်းတစ်ခုလုံးက သံစုံမြည်​နေသည်။

သူနဲ့ ချိုးကျီယန်ကို တစ်ချိန်တည်းမှာပဲ ညစာစားပွဲကို ဖိတ်​ခေါ်မိလိုက်သည်ကို နောင်တရ​နေသည်။
ကိုယ့်ဒုက္ခကိုယ် ရှာရ​လောက်​အောင် တုံးအသွားရလား!

ဆုနို နေ့တစ်ဝက်နီး​ပါး​လောက်အထိကြာ​အောင် စဉ်းစားပြီး absမန်း ကို ကူညီဖို့ဆုံးဖြတ်လိုက်သည်။
လူတွေကိုကူညီတာဟာ မင်းကိုယ်မင်းကူညီတာပဲဆိုလားဘာလား.....ဘာပဲဖြစ်ဖြစ်ပါ ဆုနို သူ့ကိုယ်သူ ချီးမကျူးဘဲမ​နေနိုင်​ချေ။

အိုးရန်လုံက​တော့ သူ့အနားမှာရှိ​နေတဲ့ တုံးအလွန်းတဲ့သူ့ကို သင်ခန်းစာကောင်း​ကောင်း ပေးချင်​ပေမယ့်လည်း သူက ဒီပွဲရဲ့ အဓိက ပွဲစီစဥ်သူ ဖြစ်​နေ၏။ထို့ကြောင့်လည်း ဆုနို သွားတဲ့ နောက်ကို တစ်ချိန်လုံးလိုက်​နေလို့လည်း မရ​ပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now