[26.1]

2.6K 549 18
                                    

[Unicode]

စကားဦးရိပ်သမ်းခြင်းနှင့် အံ့သြ​လောက်ဖွယ် တိုးတက်မှုအဟုန်

"မင်း ဒီကို ဘယ်လိုရောက်​နေတာလဲ?" ဆုနို အံ့သြသွားသည့်ပုံစံ သရုပ်​ဆောင်လိုက်သည်။
တကယ့်လိမ်ဆင်ကြီးပါပဲ!

"ကျွန်တော် အကိုကျိရန်နဲ့ အတူတူလာခဲ့တာ"
ထန်​ရှောင်းယွီက "ကျွန်တော် အခု သူ့ဒရိုင်ဘာလုပ်​နေတာ​လေ "

"ဒရိုင်ဘာ?" ဆုနို တကယ်အံ့သြသွားရ၏။
ပြီးခဲ့အချိန်တုန်းက​တော့ ကာစီနိုဝိုင်းမှာ အလုပ်လုပ်​နေခဲ့တာမဟုတ်ဘူးလား? အခု ဘယ်လိုလုပ်ပြီး abs မန်းရဲ့ ဒရိုင်ဘာ ဖြစ်သွားရတာလဲ? ဒါ လုံးဝ မဖြစ်နိုင်ဘူး! လျို့ဝှက်အကြံအစည်​တွေ ရှိ​နေတာများလား?

ကြောက်စရာ​ကောင်းလိုက်တာ !

သူ ဆက်ပြီး မေးချင်​နေ​သော်လည်း သူ့​ဘေးနားတွင် ရုတ်တရက်နှုတ်ဆက်သံတစ်ခု ပေါ်လာသည်မို့ စကားစပြတ်သွားရသည်။

"မင်းတို့ ဘာအ​ကြောင်း​တွေ ပြော​နေကြတာလဲ?"

"အမ်,ဒါရိုက်တာကြီးတို့ရဲ့ အစည်းအဝေးက ပြီးသွားပြီလား ?" ဆုနို ဆိုဖာအတွင်းပိုင်းကို ရွေ့​ပေးလိုက်ရင်း သူ့ကို နေရာ​ပေးလိုက်သည်။

မစ္စတာဒါရိုက်တာက လိမ္မာပါးနပ်စွာဖြင့် ဝင်ထိုင်လိုက်ပြီး စိတ်ထဲမှာတော့ ပေါက်ကွဲထွက်​​တော့မလို ခံစား​နေရသည်။ မကြာ​သေးခင်ကပဲ သူ့လုပ်ငန်းရှင်​တွေနဲ့ စီးပွား​ရေးအ​ကြောင်း​တွေ ဆွေး​နွေး​နေစဥ်မှာ သူ့ကို
လှည့်ကြည့်လိုက်​တော့ ဆုနိုနဲ့ ထန်​ရှောင်းယွီတို့ စကား​ပြော​နေတာကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက သနားစရာ​ကောင်းစွာ ရှာလကာရည်အိုးထဲကို နစ်ကျသွားခဲ့သလိုပဲ!

ပုံမှန်အားဖြင့် ဆုနိုက တုံးအ​ပေမယ့် အခု သူ့ရဲ့အချစ်ပြိုင်ဘက်က သူ့ဆီကို အရင်လာ ချဉ်းကပ်တယ်ဆိုတာ သူသိ​နေတယ်! ဒါ သူ့ကို အရမ်းစိတ်ဆိုး​စေလိမ့်မယ်! ပြီး​တော့လည်း အချစ်ပြိုင်ဘက်ဆိုတဲ့စကားလုံးက.....သူ့ကို တကယ်ပဲ ချဥ်​စေတယ်!

"သူက Renrui အုပ်စုရဲ့  မားကတ်တင်း ဒါရိုက်တာအိုးရန်လုံလေ " ထန်​ရှောင်းယွီ အနည်းငယ်ရှုပ်​ထွေး​နေသည့်ပုံကို မြင်​တော့ ဆုနိုက အ​လျောက်အထိုက်မိတ်ဆက်​ပေးလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now