[26.2]

2.4K 551 4
                                    

[Unicode]

စကားဦးရိပ်သမ်းခြင်းနှင့် အံ့သြ​လောက်ဖွယ် တိုးတက်မှုအဟုန်

ဆုနို စိတ်မ​ကောင်းဖြစ်​နေသည့်အတွက် တိတ်ဆိတ်တဲ့ နေရာကို ရှာ​နေ​သော်လည်း Renrui Group က ရှော့ပင်း စင်တာထဲမှာ ရှိနေတဲ့အပြင် ဆိုင်သစ်ဖွင့်ပွဲကိုလည်း ကျင်းပ​နေသည့်အတွက် လူမရှိတဲ့ နေရာဆိုသည်မှာ မရှိ​ပေ။

ထို့​ကြောင့် ဆုနို ကြုံရာသန့်စင်ခန်းထဲကို ဝင်လိုက်ပြီး​ ဘိုထိုင်​ပေါ်မှာ ထိုင်​နေလိုက်ကာ စိတ်​အေးလက်​အေး
စဥ်းစား​နေ​တော့သည်။သူရဲအမူအရာက လေး​လေးနက်နက်ဖြစ်​ပင်။

အခု​လေးတင် သူ့နှလုံးသားထဲက ချဥ်တဲ့ အရသာကို ရလိုက်တယ်။ ဒါကြီးက သဝန်တိုနေတာ သိသာတာပဲ!သဝန်တိုတယ်ဆိုတာက ရှက်စရာ​ကောင်းတယ် ဆိုပေမယ့်လည်း သူမထိန်းနိုင်ဘူး!

တကယ်တော့ သူတို့နှစ်ယောက်ရဲ့တိုတောင်းတဲ့အချိန်လေးမှာ အိုးရန်လုံက သူ့အ​ပေါ်မှာ အရမ်းအရမ်းကောင်းပေးတယ်။ သူက နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်သူဖြစ်ရုံသာမက နာမည်ကြီးစားသောက်ဆိုင်ပိုင်ရှင်များစွာကိုလည်း သိသေးတယ်။ ပြီးတော့ အရမ်းလည်းချောတယ်!

ဆုနို အလွန်စိတ်ဓာတ်ကျနေသည်။

တကယ်​တော့ သူ ဘယ်အချိန်ကတည်းက စခဲ့မှန်းမသိဘူး။သိတဲ့အချိန်, သူ့ဆီမှာ ရှင်းပြလို့မရတဲ့ မျှော်လင့်စောင့်ဆိုင်းမှု​တွေက ရောက်​နေနှင့်ပြီ။

မူလက​တော့ သူ တမင်တကာ လျစ်လျူရှုခဲ့တယ်။ ဒါ​ပေမယ့် ရှင်းပြလို့မရတဲ့ ခံစားချက်တွေက တစ်ချိန်လုံး ရှိသွားမယ်လို့မထင်ခဲ့ဘူး။ ရေ​ပေါ်ကိုတက်လာပြီး ချက်ချင်းပေါ်လာသလို,အား​ကောင်းလာခဲ့​သေးတယ်။
ဒါက ဒဏ္ဍာရီဆန်တဲ့ အသဲကွဲတာမျိုးလား?

ဆုနို နံရံကို ခေါင်းနဲ့ ဆောင့်ပစ်ချင်ပြီ။

ဘဝက စိတ်ဓါတ်ကျစရာ​တွေချည်းပဲ; သူ့မှာ ချိန်း​တွေ့တဲ့ အ​တွေ့အကြုံဆိုတာ ဘာမှမရှိ​သေးဘူး။ တစ်ဖက်မှာ​တော့ အသဲကွဲတဲ့ဒဏ်ရာကိုတောင် ရသွားပြီ။ တကယ့်ကို စိတ်နှလုံးကြေကွဲစရာကောင်းလွန်းပါတယ်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now