[27.1]

2.5K 540 7
                                    

[Unicode]

အပြန်အလှန်ချစ်ခြင်းနှင့် ချိုမြိန်​သော အနမ်းဦး

ထင်ထားသည့်အတိုင်း ဆုနိုသည် ည​ရောက်​တော့ အိပ်လို့မရ​ပေ။ ကုတင်​ပေါ်မှာ ဟိုလှိမ့် ဒီလှိမ့် လုပ်​နေ​ပေမယ့်လည်း အိပ်​ချင်စိတ်က ထွက်မလာ။
သူ့မျက်လုံးများကို ဖွင့်ထားသည်ဖြစ်စေ၊ ပိတ်ထားသည်ဖြစ်စေ ဒါရိုက်တာကြီးရဲ့ချောမောတဲ့မျက်နှာက ပျောက်မသွားပေ။

အား..!!! အ​စောကြီးကတည်းက သူသာသိခဲ့ရင် ဒိုင်အန်းကိုမထားခဲ့ပါဘူး ...ဆုနို စိတ်ဓာတ်ကျနေရသည်။ တခြားတစ်​ယောက်​ပေါ်မှာ ကြိုက်​နေတဲ့သူကို ချစ်မိတဲ့ သူ့ရဲ့အချစ်ရေးကို ရှာတွေ့မိတာက တကယ်ကြောက်စရာကောင်းတဲ့ ကိစ္စဖြစ်ပြီး ဘယ်သူနဲ့မှလည်းစကားမပြောချင်​တော့​ပေ။

ဒါကြောင့်အသည်းကွဲနေရပြီ! Little Match နဲ့ ဆုနို​လေး ဘဝတူသွားပြီ!

(Anderson ၏ဝတ္ထုတိုထဲက ကောင်မ​လေး )

သူ အိပ်မ​ပျော်​တော့သည့်အတွက် ကွန်ပြူတာကို ဖွင့်လိုက်ပြီး ဖိုရမ်အချို့ထဲကို ဝင်ကြည့်​နေလိုက်သည်။
ခံစားချက်တွေအ​ကြောင်းကို တင်တဲ့ ဖိုရမ်က အခုချိန်မှာ သူ့အတွက် အသုံးဝင်လိမ့်မယ်။ လက်ရှိအ​ခြေအ​နေကို ရှင်းရှင်းလင်းလင်းသိသွားတာ​ပေါ့ !

——ကျယ်​ပြောတဲ့မြို့ကြီးထဲမှာ, ငါ့ရဲ့အချစ်မီးအိမ်​လေးက မှိန်သွားပြီ!

——မျက်ရည်ပင်လယ်မှာ,ငါ့ရဲ့မိုက်မဲတဲ့အချစ်ဦးကိုသတိရနေမိ!

——လွတ်လပ်ရေးရပြီးချိန်မှာ,ဖောက်ပြန်တဲ့သူကိုပြတင်းပေါက်မှပစ်ချပါ!

"..............."

ပို့စ်တွေအားလုံးက ဘာလို့ ဒီလောက်ထူးဆန်းနေရတာလဲ?ဆုနိုက " 囧 "မျက်နှာလေးဖြစ်​နေ​တော့သည်။
ဒါ​ပေမယ့် ခေါင်းစဉ်တွေအားလုံးက လွန်ကဲနေ​ပေမယ့်လည်း ဘာမှမရှိတာထက်စာရင်ပိုကောင်းတာ​ပေါ့! ထို့ကြောင့် သူ လျင်မြန်စွာမှတ်ပုံတင်ပြီး ထိုပိုစ်​တွေရဲ့ပုံစံနှင့်အညီ တင်လိုက်သည်။

——သေခြင်းထက်ပိုဆိုးတဲ့အခြေအနေတစ်ခုမှာ,သူ့ဘောင်းဘီကိုတောင် မဝတ်နိုင်တော့တဲ့ ငါ့ခွက်ရှ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now