[27.2]

2.5K 570 12
                                    

[Unicode]

အပြန်အလှန်ချစ်ခြင်းနှင့် ချိုမြိန်​သော အနမ်းဦး

သူ အစီအစဉ်အတိုင်း ဝတ်ဖို့လိုတယ်,အိုဗာဆိုဒ်ရှပ်နဲ့ အတွင်းခံကလွဲပြီး ကျန်တာ​တွေ ချွတ်လိုက်တယ်......ကြည့်ရတာ တကယ့်ကို ငတုံးတစ်​ယောက်လိုမျိုးပဲ ဆုနို ငိုတောင်မငိုနိုင်တော့ဘူး! 

ဘယ်လိုအတွင်းခံအမျိုးအစားဘဲဖြစ်ဖြစ်, ရယ်စရာကောင်း​နေတာပဲ! ကြိုးနဲ့ အတွင်းခံပဲဖြစ်ဖြစ် ကာတွန်းဘောက်ဇာဘဲဖြစ်ဖြစ်,အဲဒါက တစ်ဖက်လူကို ရယ်ချင်သွားစေမှာပဲ!သူတို့က ကိုယ့်ဘောင်းဘီကိုတောင် မေ့တဲ့သူတစ်ယောက်လို့ ထင်ကြလိမ့်မယ်! အဲ့ဒါက ဆက်စီကျတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?!

"ဒင်...ဒေါင်"တံခါးဘဲသံက ဆုနိုအတွက်​တော့ မိုးခြိမ်းလိုက်သလိုပင်။ ဘာလို့ အဲ့လောက် မြန်မြန် ရောက်လာရတာလဲ? သူအခုထိ ဘောင်းဘီ​တောင် မဝတ်ရ​သေးဘူး!လန့်စရာပဲ!

ထို့​ကြောင့် မော်ဒယ်တစ်​ယောက်ဖြစ်တဲ့ ဆုနိုက မလိုက်ဖက်တဲ့အပြင် တွန့်ကြေ​နေသည့် အတိုတစ်ထည်ကို ဆွဲဝတ်လိုက်ပြီး တံခါးကိုအမြန် သွားဖွင့်​ပေးလိုက်သည်

"ကိုယ် မင်းကိုစိတ်အနှောင့်အယှက် ဖြစ်​သွားစေလား?" အိုးရန်လုံက ဝိုင်ပုလင်းကိုကိုင်ထားရင်း နှစ်လိုဖွယ်ကောင်းသည့် အပြုံးလေးဖြင့်မေးလိုက်သည်။

ဘယ်ဟုတ်မလဲ! ဆုနို သူ့အား ဝင်ခွင့်ပြုရန် ဖယ်ပေးလိုက်ချိန်မှာ သူ့နှလုံးခုန်သံ မြန်​နေတာကိုခံစားလိုက်ရသည်။

"ကိုယ် ဖြတ်သွားရင်းနဲ့ လှမ်း​ခေါ်လိုက်တာ မင်းတကယ် ထလာမယ်လို့ မထင်ခဲ့ဘူး "အိုးရန်လုံ စင်​ပေါ်က​နေ ခွက်နှစ်ခွက်ကို ယူလိုက်ရင်း မေးလိုက်သည်။ "မင်းမှာ ဝိုင်​​ဖောက်တံ ရှိလား?"

“ဝိုင်စင်​ပေါ်က ဘယ်ဘက်​ထောင့်မှာ" ဆုနို ဖြေလိုက်သည်။

"ဒီမှာ မ​တွေ့ဘူး " အိုးရန်လုံ စင်ကို ဖွင့်လိုက်​​သောအခါ ဘာမှမ​တွေ့​ပေ။

"အဲ့ဒီ​နေရာမှာရှိ....အာ​!အခုမှ မှတ်မိတယ်!" ဆုနို သူ့​ခေါင်းကိုရိုက်လိုက်ရင်း "ပြီးခဲ့တဲ့တစ်​ခေါက်တုန်းက ဒိုင်အန်းက ဝိုင်​တွေကို သိမ်းသွား​တော့ ဖောက်တံပါ အမှိုက်ပုံးထံ လွှတ်ပစ်လိုက်တယ် !"
ဒါကြီးက အရမ်းအရမ်းကိုရှက်စရာ​ကောင်းတာပဲ!သူက သောက်ပြီးရင်း ပြီးပြည့်စုံတဲ့ ***ကို ဖန်တီးမယ်လို့ တွေးခဲ့တာ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now