[28.1]

2.6K 571 4
                                    

[Unicode]

အမြန်ပုန်းလိုက်နှင့် ကိုယ်တိုက်ဆပ်ပြာကြော်ငြာ


"ကိုယ့်ကို အခွင့်အရေးလေး ပေးနိုင်မလား?"အိုးရန်လုံရဲ့ အသံက အရမ်းကို နူးညံ့နေသည်။

"........"

သူလိုလားတာ​ပေါ့!ဒါ​ပေမယ့်တစ်ဖက်လူက တခြားတ​စ်​ယောက်နဲ့ တ​နေ့လုံး ချစ်ကြည်နူးတစ်တီတူး​နေတာမဟုတ်ဘူးလား! အခု​ ညကြီးမိုးချုပ် အချိန်​ရောက်​တော့ သူ့ရဲ့အိပ်ယာ​ပေါ်မှာ ရုတ်တရက်ကြီး လှဲချလိုက်တယ်!ဒါက အဓိပ္ပါယ်မရှိဘူးလေ!

ဆုနိုရဲ့ နှလုံးသားလေးက ရှုပ်​ထွေး​နေပြီး ကျိုး​ကြောင်း​တွေးနိုင်ဖို့ကလည်း ပျောက်ဆုံးနေ၏။

"ကိုယ် မင်းကို ကောင်းကောင်းဆက်ဆံ​ပေးမှာပါ "
အိုးရန်လုံရဲ့စကားများက အရမ်းကို ထိစရာပါပဲ။

တော်​တော်ကြာတဲ့ အချိန်ကျမှ, ဆုနို မေးလိုက်သည်။
"ကျွန်​တော့်ကို တကယ်ကြိုက်တာလား?"

"အင်း "အိုးရန်လုံ သူ့ကို တင်းတင်းကျပ်ကျပ်လေး ပွေ့ဖက်လိုက်သည်။

"ကျွန်တော်တစ်​ယောက်တည်းကိုပဲ ကြိုက်တာလား?" ဆုနို အ​မြော်အမြင်ကြီးစွာဖြင့် မေးလိုက်၏။
သူ​ နောက်ပိုင်းမှာ သဝန်တိုနေရတဲ့ ဇနီး​လေးမဖြစ်ချင်ဘူး !

"အင်း" အိုးရန်လုံ သူ့လည်ပင်း​လေးကို နမ်းလိုက်သည်။ နည်းနည်း​လေးတော့ ထိတ်လန့်စရာ​ကောင်းတဲ့ ခံစားချက်ဆို​​​ပေမယ့်လည်း ခံစားလို့ ကောင်း​နေတယ်။ ဒါ​ပေမယ့် သူ့ရဲ့ မေးခွန်းတွေကို အကုန်မ​ဖြေရ​သေးတဲ့အတွက် သူ့ကို ရပ်ခိုင်းရမယ်!

ဆုနို စိတ်ထဲမှာ လက်သီးကိုကျစ်ကျစ်ပါ​အောင် ဆုပ်လိုက်ပြီး အား​လေးနည်းနည်းသုံးကာ တစ်ဖက်လူကို တွန်းလိုက်သည်။ " ကျွန်တော်ကို ဘယ်အချိန်ကတည်းက စကြိုက်တာလဲ?"

လွန်ခဲ့တဲ့သုံးနာရီလောက်ကလို့​တော့ မ​ပြောနဲ့​နော်!တကယ်လို့ လွန်ခဲ့တဲ့သုံးနာရီလောက်ကသာ သူ့ကို စကြိုက်ခဲ့တယ်ဆိုရင် သူက ထန်​ရှောင်းယွီရဲ့ ငြင်းပယ်တာကို ခံလိုက်ရလို့ သူ့ကို အစားထိုးဖို့လာရှာတာပဲ ဖြစ်ရမယ်!
အဲ့လိုသာ ဖြစ်လာရင် သူကို ဆွဲရိုက်ပစ်မယ်!သူက တစ်ဖက်လူကို လက်​တွေ့ကျကျမတိုက်နိုင်ဘူးဆိုရင်​တောင် သူ့ရဲ့မျက်လုံးကို​တော့ နှိပ်စက်ပစ်လိုက်လို့ရ​သေးတယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now