[28.2]

2.7K 579 2
                                    

[Unicode]

အမြန်ပုန်းလိုက်နှင့် ကိုယ်တိုက်ဆပ်ပြာကြော်ငြာ

လေထုက နူးညံ့သိမ်​မွေ့နေတာ​ကြောင့် ရင်ခုန်စရာ​ကောင်း​နေတယ်လို့ ခံစား​ရ​စေသည်။ ဒါ​ကြောင့် မျက်လုံးချင်းဆုံကြပြီးရင် တစ်ခုခုတော့ ဖြစ်ကြ​တော့မည်။

မ​နေ့ကညတုန်းက သူတို့အချင်းချင်း တွေ့ပြီးကြပြီဆို​ပေမယ့်လည်း မှိန်ပျပျ အလင်း​ရောင်​အောက်မှာ တွေ့ကြတာပင်။ အခုက နေ့လည်ခင်းမို့ အလင်း​ရောင်​တွေနဲ့ တောက်ပ​လို့နေ၏။

အိုးရန်လုံ နူးညံ့စွာဖြင့် သူ့​မေး​စေ့ကို မြင့်လိုက်ပြီး သူ့ဖက်က အရင်စတင်လိုက်သည်။ ဆုနို စိတ်လှုပ်ရှားသွားပြီး မျက်လုံးများကို တုန်တုန်ရီရီနဲ့ ပိတ်လိုက်၏။

အရာအားလုံးက အိုင်​ဒေါရှိုးတစ်ခုလိုပဲ အဆင်​ပြေ​ပြေဖြင့် ဖြစ်ပျက်​နေပြီး သူ့တို့ရဲ့နှုတ်ခမ်း​တွေကလည်း ထိ​တော့မည့်အချိန်မှာပဲ.....ကားဟွန်းတီးသံကြောင့် ရုတ်တရက်ကြီး သူတို့ရဲ့ မုဒ်ကို နှောင့်ယှက်ခံလိုရသည်။

အား! ဒါ ဒိုင်အန်းပဲ! " ဆုနို ဗီရိုဆီကို ခုန်​ကျော်လွှားသွားပြီး တံခါးကို ဖွင့်လိုက်ရင်း အ​လောတကြီး​ပြောလိုက်သည်။ "မြန်မြန်ပုန်းရမယ်,လာ"

ဖောက်ပြန်နေတဲ့ ယောကျ်ားရဲ့ ရည်းစားလို ခံစားချက်မျိုးရသွားသလိုပဲ! အိုးရန်လုံ ရယ်ရခက်ငိုရခက်ဖြင့် "ကိုယ်က ဘာလို့ ပုန်းရမှာလဲ?"

"ဒါရိုက်တာကြီးမှာ အင်္ကျီမရှိဘူး​လေ!" ဆုနို ကြီးကြီးမားမားတစ်ခုခု ဖြစ်ပျက်နေပုံရသည့်အလား အလျင်စလိုပြောလိုက်သည်။

ကြောင်အ​,စေမည့်အမှုကိစ္စတွေ ဖြစ်ပျက်ခဲ့ပေမယ့် လည်း အဝတ်အစားတွေ ရှိချင်ရှိနိုင်​သေးတယ်။
တကယ်လို့ အဝတ်အစားလုံးဝ မပါဘူးဆိုရင် မ​နေ့ညက သူတို့လုပ်ခဲ့တယ်လို့ တစ်ဖက်လူက ကျိန်း​သေ​ပေါက် ထင်သွားလိမ့်မယ်!

"ဒါပေမဲ့ အဝတ်ဗီရိုကြီးက အပြည့်ဖြစ်​နေတယ်​လေ" အိုးရန်လုံ ခေါင်းကိုက်လာရသည်။

ခြေသံက တဖြည်းဖြည်း နီးလာ​တော့ ဆုနို အိုးရန်လုံကို ရေချိုးခန်းထဲ တွန်းထည့်လိုက်သည်။
" လုံးဝ,အပြင်ကို မထွက်လာနဲ့​နော်!"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now