[29.1]

2.7K 541 4
                                    

[Unicode]

ရောဂါလွဲမှားခြင်းနှင့် သနားစရာကောင်းသည့်  ဒါရိုက်တာ

သရုပ်​ဆောင်နယ်ပယ်က သူတစ်​ယောက် မဟုတ်ပေမယ့်လည်း နေမ​ကောင်းဖြစ်တာ​လောက်​တော့  ဟန်​ဆောင်ရတာ မခက်ခဲပေ။ပိုပြီးပီပြင်ဖို့အတွက် ဆုနို ဗိုက်ကို ချက်ချင်းဖိလိုက်သည်။

ထို့​ကြောင့် ဒိုင်အန်း အရမ်းစိတ်ပူသွားကာ "ဘာဖြစ်လို့ ဗိုက်က အရမ်းနာ​နေရတာလဲ? နေ့လည်ခင်းကျရင် အိမ်မှာပဲ ပြန်နားလိုက်မလား? ငါ ကြော်ငြာစီစဉ်သူ​တွေဆီကို သွားပြီး အကျိုးအ​ကြောင်း သွား​ပြောလိုက်မယ် "

အမ်..အမ်.... ကြည့်ရတာ သူ သရုပ်​ဆောင်တာ နည်းနည်းပိုသွားတဲ့ပုံပဲ! ဆုနို မတ်မတ်ထိုင်လိုက်ပြီး လေးနက်သည့် အမူအယာဖြင့် "ရတယ် ,ဆေးသောက်ပြီးသွားရင်တော့ သက်သာသွားမှာပါ!"

သူ့ရဲ့မန်​​နေဂျာ မသိ​အောင် ယောကျ်ား​တစ်ယောက်ကို  အိမ်မှာ ထား,ထားတဲ့အပြင် နေမ​ကောင်းချင်လည်း ယောင်​ဆောင်ထားပြီး သူ့ကို စိတ်ပူ​အောင်လည်း လုပ်လိုက်​သေးတယ်!  အဲ့ဒီအပြင် အလုပ်ပါ မသွား​တော့ဘူးဆိုရင် အပြစ်ရှိသလို ခံစားရပြီး သူ့မှာ ကိုယ်ကျင့်သိက္ခာတရား​တွေ ရှိ​တော့မှာမဟုတ်ဘူး! ဆုနို နောင်တ​​တွေ တစ်သီကြီး ရသွားသည်။
ငါ့မှာ တကယ့်ကို ကောင်းတဲ့ ကိုယ်ကျင့်တရားတွေရှိတာပဲ!

ဆုနိုကို ခေါ်လာသည့်ဆေးရုံက ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်ပြီး အသက်ကြီးကြီး တရုတ်လူမျိုး ဆရာဝန်က မ​သေမျိုးတစ်​ယောက်နဲ့တူ​နေသေးသည်။

အဝတ်​တွေလဲပြီး ဘူးသီး​ခြောက်ကို ကိုင်ထားမယ်ဆိုရင် ထိုက်ရှန်​လောင်ကျွင်းနဲ့တောင် တူသွားလိမ့်မယ်!

"မင်း မ​နေ့က ကောင်း​ကောင်းအနားမယူခဲ့ဘူး " ဆုနို ထိုင်ခုံပေါ်မှာ ထိုင်ပြီးချက်ချင်းပင် အသက်ကြီးကြီး တရုတ်ဆရာဝန်က ပြောလိုက်သည်။

“အင်း...ကျွန်​တော် သိပ်အိပ်မ​ပျော်ဘူး" ဆုနို ဒိုင်အန်း ကိုကြည့်ပြီး အပြစ်ရှိသလို အနည်းငယ်ခံစားလိုက်ရသည်။ ဘာလို့လဲဆိုတော့ ပုံမှန်အားဖြင့် သူက ကောင်းကောင်းအိပ်ပျော်တာမို့ မိုးကြိုးပစ်တာတောင် တော်ရုံနဲ့မနိုးနိုင်ဘူး။ အိပ်မပျော်ဘူးဆိုတာက လုံးဝဖြစ်မလာနိုင်ဘူးလေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now