[29.2]

2.6K 555 19
                                    

[Unicode]

ရောဂါလွဲမှားခြင်းနှင့် သနားစရာကောင်းသည့် ဒါရိုက်တာ

ဒါကြောင့် မစ္စတာဒါရိုက်တာသည် သူ့ရဲ့အဆက်အသွယ် အမျိုးမျိုးကို သုံးပြီးနောက်ဆုံးမှာတော့ shower gel အမှတ်တံဆိပ်ရဲ့တာဝန်ခံနဲ့ ဆက်သွယ်လို့ရခဲ့သည်။

"CEO Sun....ကျွန်​တော်ပါ ” ဒါရိုက်တာအိုးရန်က ရိုးသားမှုအပြည့်ဖြင့်  "ကျွန်တော်တို့ရှော့ပင်းမော်မှာ နေ့စဉ်သုံးပြု​နေတဲ့ chemical ပစ္စည်းတွေကို
အ​ရောင်းချ​ပေးမယ့် ကန်ပိန်းတစ်ခုကို လာမယ့် အပတ်မှာ လုပ်ဖို့ရှိတယ်။

ဒါ​ကြောင့်မို့လို့ ကျွန်တော်တို့က နာမည်ထွက်​နေပြီး ချမပြရ​သေးတဲ့ ကုန်ပစ္စည်းတွေ အကြောင်းဆွေး​နွေး​ဖို့ တာဝန်ရှိတဲ့သူ​တွေကို လှမ်းဆက်ရတာပါ။ ဒီအ​ကြောင်းကို ကျွန်တော်တို့ ဆွေးနွေးဖို့ အချိန်ရှိမလား မသိဘူး?"

"ရှိတာ​ပေါ့ဗျာ..” တဖက်လူက အလွန်ကို ဝမ်းသာအားရဖြင့် လက်ခံလိုက်သည်။

“လာမယ့် သုံးပတ်အတွင်း,ဆောင်းဦးနဲ့ ဆောင်းရာသီအတွက် အသားအရည်ကို အစိုဓါတ်နဲ့ အာဟာရဓါတ် ပေးမယ့် ထုတ်ကုန်အသစ် ထွက်ဖို့ရှိတယ်။ ဒီ​နေ့ပဲ အဲ့အတွက် ကြော်ငြာအသစ် ရိုက်ကူး​ရေးလုပ်ကြမှာလေ။ တကယ်လို့ အချိန်ရရင် ဒါရိုက်တာအိုးရန် တစ်ချက် လာ​လေ့လာလို့ရပါတယ်"

သူ့မှာ ကျိန်း​သေ​ပေါက်အချိန်ရှိတာ​ပေါ့....မစ္စတာဒါရိုက်တာသည် နက်နက်နဲနဲ စဥ်းစား​နေဟန်ဖြင့် သူ့​မေး​စေ့ကိုထိလိုက်သည်။ ဒီအချက်ကို သုံးပြီး ဆုနိုဆီကို သွားလို့ရတယ်။

ဆုနိုက နာမည်ကြီးမော်ဒယ်တစ်​ယောက်ဖြစ်တာမို့ အိုးရန်လုံက သူ့ကို တွေ့ရဖို့ အ​ကြောင်းပြချက်မျိုးစုံကို ဖန်တီးလိုက်ရ၏။

စိတ်ထဲမှာ သိုဝှက်ထားနိုင်ပြီး နွေးထွေးတဲ့နှလုံးသားပိုင်ရှင် Top က အရမ်း ဆွဲ​ဆောင်မှုရှိတယ်!

ဆုနိုနဲ့ ဒိုင်အန်းတို့ ရိုက်ကူးရေးနေရာကို ရောက်တော့ တံခါးကို တွန်းဖွင့်လိုက်သောအခါ အိုးရန်လုံက ကုမ္ပဏီတာဝန်ခံနဲ့ ပျော်ရွှင်စွာစကားပြောနေသည်ကို တွေ့လိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now