[30.1]

2.7K 527 7
                                    

[Unicode]

အစားထိုးခံရခြင်း​ကြောင့် စိတ်ဓါတ်ကျခြင်းနှင့် ဘယ်အထပ်လဲ?

အခုမှ စပြီး ချိန်း​တွေ့ကြတဲ့သူနှစ်ယောက်အတွက် ပြင်သစ်အနမ်းက မပါမဖြစ်ပါဝင်သည့် ကိစ္စဖြစ်ပင်။

ထို့​ကြောင့် သူတို့ စား​သောက်ဆိုင်ကိုသွားဖို့ ကားစ
မထွက်ခင် အိုးရန်လုံက ဆုနိုကို ထိုင်ခုံ​ပေါ်မှာတွန်းလှဲချလိုက်သည်။

အရမ်းကိုမိုက်တယ်!!

ပထမက​တော့ ဆုနို နည်းနည်းလေး​တော့ လန့်သွားပြီး သူ ဘာဆက်လုပ်ရမှန်းမသိ၍ လျှာကိုသာ လှည့်လိုက်သည်။

အရမ်း...အရမ်းကို လန်းဆန်းပြီး ပျိုရစ်မူး​စေတဲ့ ခံစားချက်ပဲ!

သူဖက်က ပြန်နမ်းလာတာ​ကြောင့် အိုးရန်လုံရဲ့မျက်လုံးထဲမှာ အပြုံး​လေး​တွေ ဖြတ်​ပြေးသွား၏။

ထိပ်တန်း​မော်ဒယ်ဆုနိုရဲ့​ခေါင်းထဲမှာ "car-sex" ဆိုတဲ့စကားလုံးက ရုတ်တရက်ကြီး​ပေါ်လာ​တော့မှ အသိဝင်လာ​တော့သည်။

တစ်ချိန်ထဲမှာပဲ အိုးရန်လုံရဲ့လက်က မထိသင့်တဲ့ နေရာ​တွေကို စထိ​နေပြီဖြစ်ကာ သူ့လက်က သူ့အဝတ်​တွေ​အောက်ကို ရောက်သွားပြီး သူ့ရဲ့သွယ်လျတဲ့ခါး​လေးကိုလည်း ပွတ်သပ်​နေပြီဖြစ်သည်။

ထို့​ကြောင့် ခရမ်းချဉ်သီးလိုနီရဲ​နေတဲ့ ဆုနိုက သူ့ကို တွန်းထုတ်လိုက်သည်။

သူ တကယ်ပဲ တစ်နာရီကို မိုင် ၁၀၀နှုန်းနဲ့ မသွားနိုင်ဘူး!

အိုးရန်လုံ သူ့အပြုအမူ​လေးကို ရယ်လိုက်ပြီး ထပ်ပြီးတော့ ရှေ့ဆက်မတိုး​တော့​ပေ။ အဲ့ဒီအစား စား​သောက်ဆိုင်ဆီကိုပဲ ဦးတည် မောင်းခဲ့လိုက်သည်။ စား​သောက်ဆိုင်ပိုင်ရှင်​တွေနဲ့ ရင်းနှီးတဲ့, ကောင်းတဲ့အချက်က တန်းစီစရာမလိုပဲ VIP နေရာကို တန်းရတာပဲ။

"လက်ဖက်ရည်​လေး အရင်​သောက်ထားလိုက်, ကိုယ် ဆိုင်ပိုင်ရှင်ကို သွားနှုတ်ဆက်လိုက်အုံးမယ် " အိုးရန်လုံ သူ့​ခေါင်း​လေးကို ပွတ်​ပေးလိုက်ရင်း ထွက်လာခဲ့သည်။

ဆုနို အရမ်းကိုပျင်းရိနေတာ​ကြောင့် ဖိုရမ်အချို့ကို ဝင်ကြည့်လိုက်၏။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now