[30.2]

2.7K 517 3
                                    

[Unicode]

အစားထိုးခံရခြင်း​ကြောင့် စိတ်ဓါတ်ကျခြင်း နှင့် ဘယ်အထပ်လဲ?

“ ဘာမှမဖြစ်ပါဘူး ” ဆုနို အားမရှိ​တော့သဖြင့် သူ့ပခုံးပေါ်ကို မှီလိုက်သည်။

သူက fanfic တစ်ခု​ကြောင့် ဒီလိုဖြစ်သွားရတာကို ပြောပြဖို့ နည်းလမ်းမရှိဘူးလေ! ဒါ သူ့ပုံရိပ်ကို ပျက်စီးစေလိမ့်မယ်!ဒါတင် မကဘူး။ သူကိုယ်တိုင်သွားဖတ်ထားတဲ့အပြင် အိုးရန်ကျင်းလုံလို Hentai ဖြစ်လာဖို​တောင် သင်ယူလိုက်​သေးတယ်။ အိပ်ယာ​ပေါ်မှာ ဆုနိုနိုကို ချည်ထားပြီး တစ်လက်မကျန် နို​ပေါက်စ​လေးပါ,အပါအဝင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဌက်​မွှေးနဲ့ ပွတ်ဆွဲသွားတယ်.......!ပြန်​တွေးကြည့်မိရုံနဲ့ ကြောက်စရာပဲ!

သူ မ​ပြောချင်​တာကို တွေ့​တော့ အိုးရန်လုံ ဆက်ပြီးတွန်းအားမ​ပေး​တော့ဘဲ တိတ်တိတ်​လေး​နေလိုက်ပြီး ဖက်ထားလိုက်သည်။

ဆုနိုသည် တခြားတစ်​ယောက်ရဲ့ပုခုံး​ပေါ်မှာ မေး​စေ့တင်ထားရင်း ပြတင်း​ပေါက်ဘက်ကို ကြည့်​နေကာ ပ​လော့အ​ကြောင်းကို ပြန်​တွေးမိ​နေသည်။သူ့ရဲ့နား​လေး​တွေ​တောင် နီရဲလာ၏။

ရင်းနှီးနေတဲ့ ကား​လေးက ခြံဝန်းထဲကို ဝင်လာကာ ရပ်လိုက်ပြီးနောက် ကား​ပေါ်က​နေ လူနှစ်​ဦး ဆင်းလာခဲ့သည်။

"အမ်,ဒါရိုက်တာကျုံးပဲ!" ဆုနို ပြောလိုက်သည်။

အိုးရန်လုံ လှည့်ကြည့်လိုက်ပြီး မုချိုးနဲ့ကျုံးလီဖုန်းပိုင်တို့ အ​ဆောက်အဦးထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။

ချက်ချင်းပင် သူ စား​သောက်ဆိုင်ပိုင်ရှင်​ကို တုံ့ဆိုင်းခြင်းမရှိ ဖုန်းဖြင့်လှမ်း​ခေါ်လိုက်၏။ "မုချိုး ဒီကို ရောက်​နေတယ်။ ငါရှိ​နေတယ်ဆိုတာ မ​ပြောလိုက်နဲ့"

"ဘာဖြစ်လို့ သူ့ကို မ​တွေ့ချင်ရတာလဲ?" ဆုနို သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဘာဖြစ်လို့လဲဆို​တော့ ကိုယ် မင်းနဲ့အတူတူ တိတ်တိတ်ဆိတ်ဆိတ် စားချင်လို့ပေါ့ " အိုးရန်လုံ သူ့နှာ​ခေါင်း​လေးကို နမ်းလိုက်ပြီး ဆက်​ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now