7

90 14 5
                                    

ဒီနေ့က ကျောင်းနောက်ဆုံးနှုတ်ဆတ်ပွဲနေ့။
အတန်းတိုင်းကိုယ်စီကိုယ်စီ ပျော်ပွဲရွှင်ပွဲနှင့် ကျောင်းသားကျောင်းသူတို့ရဲ့ ရယ်သံကတသောသောညံနေလေသည်။ အလက်ာတို့ကအတန်းငယ်တွေမို့ပိုဆိုး၏။ ဆရာ၊ ဆရာမတို့ကလည်း ဒီနေ့တစ်ရက်အတွက်မသိချင်ယောင်ဆောင်ပေးကြရှာသည်။ ယနေ့သည် အလက်ာတို့ သတ္တမတန်းအားလုံးရဲ့နှုတ်ဆတ်ပွဲနေ့သည်သာ။

ဖေဖော်ဝါရီလရဲ့ ဒုတိယအပတ်တွေက မေးချင်းရိုက်အောင်ကိုအေးသည်။ မနက်ပိုင်းကျောင်းခေါ်ချိန်တွေက တကယ်စိတ်ညစ်စရာကောင်းလှသည်။ ကျောင်းအဆောင်ရှေ့ မြေကွက်လပ်တွင် မီးဖိုကြီးဖိုလို့ ကြာဇံချက်ကိုပီပီပြင်ပြင်ချက်နေကြသည်ကို ကျောင်းသူအချို့ကကူနေကြ၏။ ကြက်သွန်ခွာသူကခွာ ၊ နံနံပင်ရေဆေးသူကဆေး၊ ရှောက်သီးလှီးသူကလှီးနှင့်။ အတန်းခေါင်းဆောင်နှင့် အပေါင်းအပါအချို့ကတော့ ရေဆွဲ၊ ထင်းထိုးပေါ့။

အလက်ာကတော့ အနွေးထည်ထဲနစ်နေပြီး ကျောင်းစိမ်းပုဆိုးနှင့်ခေါင်းမြှီးပင်ခြုံထားချင်နေမိသည်။ အဲ့လိုအသင်းအဖွဲဲ့နဲ့လုပ်ရတာ တကယ့်ကိုသူ့ဝါသနာမဟုတ်ဘူး။ သူကအချိန်ပြည့် အစ်ကို့နားပဲကပ်နေချင်တာ။ ဒါကသာသူ့ဝါသနာ။ အခုတောင် နဝမတန်းဘက်ရောက်ချင်နေသည့်ခြေလှမ်းတို့ကိုမနည်းထိန်းချုပ်ထားရသည်။ အစ်ကိုတို့က စာသင်နေပါသည်တဲ့။

"အလက်ာ ။ ငါတို့ကို နှုတ်ဆတ်စာရေးပေး"

အော်တိုစာအုပ် ပန်းရောင်ဖျော့ဖျော့လေးကိုအလက်ာ့ဆီထိုးပေးလာတဲ့ အတန်းထဲက စသုံးလုံး တို့တစ်သိုက်။ အလက်ာ နှာခေါင်းရှုံ့ပြီး ထိုစာအုပ်များအားဆွဲယူလိုက်သည်။

"ဘာကိုနှုတ်ဆက်စာလဲ။ နောက်နှစ်ကျရင်လဲ ဒီအခွက်တွေပြန်တွေ့ရအုံးမှာပဲကို "

ပြောသာပြောနေ၏။ လက်ကတော့ ဘောပင်အပြာလေးကိုကိုင်လို့ စာတိုအချို့ကိုရေးချနေလိုက်သည်။ ထို စသုံးလုံး တို့ကတော့ အလက်ာ့စကားကိုစိတ်ဆိုးဟန်ပင်မပြ။ ဤသည်ကား ကျောင်းသားဘဝပင်။ စသုံးလုံး ဆိုသည်မှာကား 'စပ်စုစိန်' ၏အတိုကောက်ဖြစ်သည်။ အတန်းတိုင်း၌ စသုံးလုံး များကအမြဲရှိသည်။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Όπου ζουν οι ιστορίες. Ανακάλυψε τώρα