8

105 16 6
                                    

"အလက်ာ့ ကိုချစ်တယ် လို့ပါထည့်ရေးပေး"

အဏ္ဏဝါ ခေါင်းလေးမော့လို့ အလက်ာ့ကိုကြည့်လိုက်သည်။ အလက်ာကတော့ ထုံးစံအတိုင်း ခပ်ပြုံးပြုံးလေး။ အဏ္ဏဝါ သေချာမကြည့်မိလိုက်လို့ပါ။ အဏ္ဏဝါ သေချာကြည့်မိရင် အနည်းငယ်နီစွေးသွားသည့် နားဖျားလေးတွေနဲ့ ကြိမ်နှုန်းအနည်းငယ်မြန်လာသည့် မျက်တောင်ခတ်​ခြင်း တွေကို သတိထားမိခဲ့မှာ။

အခုတော့ သတိမထားမိသူ အဏ္ဏဝါ ဟာ စာအုပ်ပြာလွင်လွင်လေးထက် အလက်ာ့ကိုချစ်ပါတယ် ဆိုတဲ့စာတစ်ကြောင်းကို ထပ်ဖြည့်လိုက်ရှာသည်။ လူလည်ကြီးသားသမီး အလက်ာကတော့ ခိုးလို့ပြုံးတယ်။ အစ်ကိုကချစ်ရာကောင်းတဲ့ ငတုံးလေးတစ်ယောက်ပါပဲ။

"ကဲ ကိုယ်တော်လေး၊ ကျွန်တော်မျိုး ရေးပြီးပါပြီခင်ဗျ။ ရွှေစိတ်တော်ရွှင်မြူးပါရဲ့လား"

"မောင်မင်း ဝမ်းမြောက်သင့်တယ်။ ကိုယ်တော်က ဘယ်သူ့ကိုမှမရေးခိုင်းဘူး။ မောင်းမင်းတစ်ယောက်တည်းကိုပဲရေးခိုင်းတာ။ ကဲ ကိုယ်တော်လည်း ပြန်ရချေတော့မယ်။ ရော့! ဒါက ကိုယ်တော်ရဲ့ ဆုလာဒ်တော်"

ပူရှိန်းစုပ်လုံးကို အရှေ့ချပေးလို့ အလက်ာကပြောင်ချော်ချော်လုပ်နေပြန်တယ်။ အဏ္ဏဝါ ခေါင်းကိုပိတ်ခေါက်လိုက်ချင်တာများ။ အလက်ာတို့နှုတ်ဆက်ပွဲအပြီး နောက်ရက် နဝမတန်းရဲ့နှုတ်ဆက်ပွဲနေ့။ မုန့်စားဆင်းချိန်တွင် စာအုပ်အပြာလေးကိုင်လို့ လိမ်ကျစ်လိမ်ကျစ်နှင့်ရောက်လာလေတဲ့ အလက်ာ က အဏ္ဏဝါ့ကို နှစ်ကုန်အတွက် စကားလက်ဆောင်ရေးဖို့ပူဆာခဲ့တယ်။ အခုလိုပေါ့။

"တော်ပြီနောက်နေတာတော်တော့ ။ မင်းစာမေးပွဲအတွက်စာတွေရပြီလား "

"စာမရသေးရင် အစ်ကိုကူကျက်ပေးမလို့လား "

"ဘယ်လိုလုပ်ကူကျက်ပေးနိုင်မှာလဲ ။ ငါ့စာတောင် ငါမပြတ်သေးဘူး။ Eco defination  တစ်ခန်းကျန်သေးတယ်"

"အဲ့တာများဘာလို့လာမေးနေတာလဲ ။ အာ့! အစ်ကို"

ဘုနဲ့ဘောက်ပြောနေသည့် အလက်ာ့ခေါင်းကို အဏ္ဏဝါ လက်ဆစ်နှင့်တစ်ချက်ခေါက်ချလိုက်သည်။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now