9

113 15 4
                                    

အလက်ာ တို့ရဲ့မြို့လေးက စက်မှုမြို့လေးတစ်မြို့ဖြစ်ပြီး လူဦးရေရဲ့ ထက်ဝက်ကျော်က စက်ရုံတွေမှာအလုပ်လုပ်ကြ၏။ မြို့တည်ကာစတုန်းက လယ်ကွင်းတွေအပြည့်နဲ့ သည်မြို့လေးက တစ်စနဲ့တစ်စ စည်ပင်လာခဲ့တာများ။ အခုဆိုရင် အိမ်ခြေအတော်အသင့်များပြားတဲ့မြို့လေးဖြစ်လာခဲ့ပြီ။

ရွှေပြည်သာမြို့။ အဏ္ဏဝါ တို့ရဲ့မြို့လေးနာမည်က ရွှေပြည်သာမြို့ဖြစ်သည်။ 2014 ခုနှစ်ရဲ့ ရွှေပြည်သာမြို့က အတော်အသင့်ဖွံ့ဖြိုးလာခဲ့လေပြီ။ ရွှေပြည်သာမြို့ မှာနာမည်ပြောင်တစ်ခုလည်းရှိသေးသည်။ ဒါက အင်းလေး မြို့တဲ့။ ဒါက ကလေးတွေနောက်ပြောင်ပြီးပေးထားကြတဲ့နာမည်လေးပေါ့။ အကြောင်းအရင်းကတော့ရိုးရှင်းပါတယ်။ မိုးရွာပြီဆို မြင်မြင်သမျှရေပြင်ကြီးဖြစ်သွားတတ်လို့ပါပဲ။

ဝါးတစ်ရာချောင်းရေတက်တဲ့အခါများဆို ငါးတွေတောင်ပါလာတတ်တယ်။ ကလေးတွေကတော့ သိပ်ပျော်တာပေါ့။ ဘောကွင်းတွေငှားပြီး ဆော့ကြတာ မသိရင် ချောင်းသာရောက်နေသလိုလို။ မျှော့တွေဆိုတာလဲပေါမှပေါ။ ကျွဲမျှော့ ကြီးတွေများဆို ကွေးနေရင်လက်မလောက်ရှိပြီး ဆန့်ထားရင်တစ်ထွာကျော်လောက်ရှိ၏။ ဒီရေသည်မြေမှာမွေးလာတဲ့ကလေး ဆယ်ယောက်မှာ ကိုးယောက်က မျှော့ဆိုမကြောက်ကြဘူး။ မျှော့ဆို ဖမ်း၊ တုတ်နဲ့ထိုးပြီးနေခြောက်လှမ်းကြရဲ့။

ဒါပေမယ့် အဲ့လိုကလေးထဲမှာ အလက်ာမပါဘူး။ ကိုးယောက်ကမကြောက်ဘူးဆို ကြောက်တဲ့တစ်ယောက်က အလက်ာပဲ။ အလက်ာက မျှော့ဆိုသိပ်သိပ်ကြောက်ပါတယ်။ ဒါကြောင့်ပဲမိုးရာသီဆိုတာ အလက်ာအတွက် ငရဲလိုပါပဲ။ အခုတော့ ဆောင်းတောင်ကုန်လို့ နွေရာသီတောင်ကူးနေပြီ။ မကြာခင် မိုးရာသီပြန်ရောက်တော့မှာတွေးမိရင်း အလက်ာ ကျောတွန့်မိသည်။

ရှပ်အကျီအပြာနုရောင်လေးနဲ့ ယောပုဆိုးအပြာရင့်ရောင်လေးဝတ်လို့ လူပျိုလုပ်နေတဲ့ အလက်ာကို အလက်ာ့မေမေက ချဥ်ပေါင်သင်နေရင်း ဘုကြည့်ကြည့်၏။

"ဗိုက်ပူ နင်ရည်းစား ရနေပြီလား "

အုန်းဆီလိမ်းနေတဲ့ အလက်ာ့ရဲ့လက်လေးဟာရပ်တန့်သွားလို့ အူကြောင်ကြောင်လေးကျိတ်ပြုံးလိုက်မိသည်။ ရည်းစားတဲ့လား။ နားထောင်လို့ကောင်းလိုက်ပုံများ။ ခက်တာက ရည်းစားဖြစ်ဖို့နေနေသာသာ ညီအစ်ကို ဧရိယာထဲလှလှပပ ရောက်နေတာပါပဲလေ။

မောင့်ကိုမှ ချစ်မိနေပါတယ် <<ေမာင့္ကိုမွ ချစ်မိနေပါတယ်>>Where stories live. Discover now