Chapter 1 [Unicode]

1.9K 228 8
                                    

လင်းကျီတစ်ယောက် သူ့ဘော့စ် ထပ်ပြီး ဒေါသထွက်နေတာကို မြင်လိုက်ရသည်။

"အစ်မ ယု..ဘော့စ် စိတ်မကြည်ဘူးလား"
အခြေအနေကို သတိပြုမိပြီးနောက် အတွင်းရေးမှူးကို လင်းကျီ မေးလိုက်သည်။အစ်မယုက ဖိုင်တွဲတွေကို စီနေရင်း ခေါင်းမော့ကြည့်လိုက်သည်။
"နင် ဘယ်လိုလုပ်ပြောနိုင်တာလဲ"

"ခန့်မှန်းကြည့်တာလေ"လင်းကျီ ပြန်ဖြေလိုက်သည်။

  
"ခန့်မှန်းတယ်?"
အစ်မယုက ဘော့စ်ရဲ့ ရုံးခန်းဆီ တစ်ချက်ကြည့်လိုက်ပြီး ‌သူ့လေသံကို နှိမ့်လိုက်သည်။
"ဘော့စ်ရဲ့ မျက်နှာက ခန့်မှန်းလို့တောင် ရတာလား"
  

ဘော့စ်က အမြဲတမ်း မျက်နှာသေဖြစ်နေလေ့ရှိသည်။ သူ့ စိတ်ခံစားချက်တွေနဲ့ သောကတွေက
ကြည့်ကောင်းတဲ့ ရုပ်ရည်အောက်မှာ ပျောက်ကွယ်နေသည်။အလုပ်မှာ အနီးကပ်ဆုံး ဖြစ်တဲ့ အတွင်းရေးမှူးတောင်မှ သူ့စိတ်အခြေအနေကို မခန့်မှန်းနိုင်ပေ။  

  
“Oh” လင်းကျီ ပြောလိုက်သည်။
“ကျွန်တော် ဒီအတိုင်းပဲ မေးကြည့်တာပါ”

အစ်မယုက သူ့ကို အကြံပေးလိုက်သည်။
"ရှောင်လင်း...ဘော့စ်ရဲ့ စိတ်အခြေအနေကို သွားမခန့်မှန်းနဲ့"

လင်းကျီခေါင်းငြိမ့်ပြီး ရုံးခန်းဆီ ကြည့်လိုက်သည်။မိနစ်၂၀ကြာပြီးနောက်..လင်းကျီရဲ့ မေးခွန်းက အဖြေထွက်လာတော့သည်။စီနီယာ အလုပ်အမှုဆောင်တွေက ရုံးခန်းထဲ ကပြာကယာ ၀င်သွားကြသည်။ ခဏကြာသောအခါ ကြမ်းပြင်ပေါ် တစ်ခုခု ပြုတ်ကျတဲ့ အသံကို တစ်ရုံးလုံး ကြားလိုက်ရပြီးနောက်မှာတော့ အလုပ်အမှုဆောင်တွေက တစ်ယောက်ပြီးတစ်ယောက် ရုံးခန်းထဲမှ ထွက်လာကြတော့သည်။

"ဟေ့...ဘာဖြစ်‌နေတာလဲ"
ရုံးထဲမှာ တီးတိုးစကားပြောသံတွေ ပေါ်လာသည်။သူတို့အားလုံးက ဖြစ်ပျက်နေတဲ့ အကြောင်းအရာအပေါ် ပြောဆိုနေကြသည်။အစ်မယုကိုယ်တိုင်တောင်မှ အံ့ဩနေပြီး ဘော့စ် စိတ်တိုရတဲ့ အကြောင်းအရင်းကို နားမလည်သလို ဖြစ်နေသည်။လင်းကျီ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။ဘော့စ် စိတ်မကြည်ဘူး။

သူ့ခေါင်းနောက်မှာ ပန်းတစ်ပွင့် [Myanmar Translation]Where stories live. Discover now