Chapter 3 [Unicode]

933 240 11
                                    

အချိန်တွေ ကြာလာတာနဲ့အမျှ လင်းကျီနဲ့ ဟဲ့ယန်ရဲ့ ဆက်ဆံရေးက ပိုကောင်းသည်ထက်ကောင်းလာပြီး လင်းကျီ ဟာသတွေတောင် ပြောတတ်လာသည်။သို့သော်လည်း မုန်တိုင်းမထန်မီ လေပြည်လေညင်းလေးတွေ တိုက်ခတ်သလိုပင်။ကုမ္ပဏီမှ စီနီယာအလုပ်အမှုဆောင်တစ်ယောက်က ဓာတ်ပုံတွေ အများကြီး ပါတဲ့ mailတစ်စောင်ကို လူတိုင်းနီးပါးဆီ ပို့ခဲ့သည်။ဓာတ်ပုံနောက်ခံက ဝါးနေသော်လည်း ပုံထဲပါတဲ့လူတွေကိုတော့ ထင်ထင်ရှားရှားမြင်ရသည်။

ပုံတွေထဲက တစ်ယောက်က လင်းကျီဖြစ်ပြီး နောက်တစ်ယောက်ရဲ့လက်မောင်းထဲမှာ မှီထားကာ အဲ့ဒီလူကလည်း ‌အမျိုးသားတစ်ယောက်ဆိုတာ သိသာနေသည်။လင်းကျီ ပုံကို မြင်လိုက်တဲ့အချိန်မှာတော့ သူ့နောက်ကျောတွင် ချွေးစေးတွေ ပြန်လာသည်။ သူ့ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို သူများတွေသိသွားမှာ မကြောက်သော်လည်း ပုံထဲတွင် ဝါးထား‌သော အမျိုးသားက ဟဲ့ယန်ဖြစ်ကြောင်း သိသွားမှာကိုတော့ ကြောက်နေမိသည်။ကံကောင်းစွာဖြင့် ဒီပုံက သူ့မျက်နှာကိုပဲ ဖော်ပြထားပြီး သူစိုးရိမ်နေတဲ့အရာကတော့ ဖြစ်မလာပေ။
 
လင်းကျီ၏ ဘေးပတ်လည်တွင် တီးတိုးပြောသံများ ထွက်ပေါ်လာသည်။လုပ်ဖော်ကိုင်ဖက်တွေ သူ့အကြောင်းပြောနေတာကို သူ နားထောင်စရာမလိုပေ။အဲ့ဒီအချိန်မှာပဲ အတွင်းရေးမှူးက လင်းကျီကို ရုံးခန်းသွားဖို့ လာခေါ်တော့သည်။
 

လင်းကျီ "........."
သူ စိုးရိမ်စွာ မတ်တပ်ရပ်လိုက်သည်။ထို့နောက်
လုပ်ဖော်ကိုင်ဖက်တွေရဲ့ သူများဒုက္ခရောက်တာကို ပျော်နေတဲ့အကြည့်၊ကရုဏာသက်တဲ့ အကြည့်တွေအောက်မှာပဲ ရုံးခန်းဆီ သွားလိုက်တော့သည်။သူ တံခါးဖွင့်လိုက်တော့ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ ဟဲ့ယန်ကို တွေ့လိုက်သည်။
  

ဟဲ့ယန်ရဲ့ လက်ချောင်းတွေက စားပွဲကို တဒေါက်ဒေါက်ခေါက်နေသည်။
"လင်းကျီ"

လင်းကျီ စိတ်ထဲမှ ဘုရားတမိသည်။ထို့နောက် ဟဲ့ယန်က ပြောလိုက်သည်။
"အခု ငါ့စိတ်ခံစားချက်က ဘယ်လိုဖြစ်နေတယ်လို့ထင်လဲ"

လင်းကျီ ပြောဖို့ စကားရွေးလိုက်သည်။ပုံတွေကို ဟဲ့ယန် မြင်သွားရင် ဒေါသထွက်လိမ့်မယ်လို့ သူထင်သည်။သို့သော်လည်း သူ ပန်းပွင့်လေးကို သတိရသွားသောကြောင့် ဟဲ့ယန်အနောက်မှ ပြတင်းပေါက်ဆီ ကြည့်လိုက်သည်။

သူ့ခေါင်းနောက်မှာ ပန်းတစ်ပွင့် [Myanmar Translation]Where stories live. Discover now