Final

1.7K 280 31
                                    

ကားပေါ်ကဆင်းလိုက်သည်နှင့် ရလိုက်တာက လေထု ခပ်အေးအေး။ ထိုလေထုထဲမှာတော့ နှင်းပွင့်ခပ်သေးသေးလေးတွေပါ ပါဝင်နေခဲ့သည်ထင် " အေးလိုက်တာ" လို့ရေရွတ်ရင်း အိတ်ထဲက စတားရီဒ်မြို့မြေပုံ လမ်းညွှန်ကို  ထုတ်ကာ ရှာဖွေထားတဲ့ ကော်ဖီဆိုင်တွေထဲက အနီးဆုံး ဆိုင်ကို ဦးတည်လိုက်တော့တယ်။

ပထမဆုံး ဦးတည်လိုက်တာက လမ်းဆုံ ရဲ့ ဘယ်ဘက်မှာ ရှိနေတဲ့ ကော်ဖီဆိုင်လေး။ ထိုဆိုင်ကိုရောက်တဲ့အခါ မြင်ရတဲ့ အပြင်အဆင်အရ တော့ သူ့ဆိုင်မဖြစ်နိုင်ဘူးဆိုတာ အသေချာဘဲ။ ပန်းရောင်တွေ အဝါရောင်တွေ အပြင် မော်ဒန်ဆန်ဆန် ရှုတ်ရှုပ်ခတ်နေတဲ့အပြင်ဆင်တွေ။ အချိန်က နေ့လည်ရောက်နေပြီမို့ နောက်တစ်ဆိုင် ကို ထပ်သွားဖို့ဦးတည်လိုက်မိတယ်။ ရှာထားရသလောက် တောင်ခြေမှာ ကော်ဖီဆိုင်က ၅ ဆိုင်ဘဲရှိတာ။ ဒီ ငါးဆိုင်လုံးမဟုတ်ရင် တောင်ပေါ်ကဆိုင်တွေကို သွားရှာရတော့မည်။

ဒုတိယဆိုင်ကိို ရောက်တော့လဲ ပထမဆိုင်နဲ့ ထူးမခြားနာစွာပင်။ အချိန်ကလဲ မွန်းတည့်နေပြီမို့ နေ့လည်စာအတွက်ဗိုက်ဖြည့်ပြီးမှ ကျန်သုံးဆိုင်ကို ရှာကြည့်ရန်ဆုံးဖြတ်လိုက်တော့တယ်။ နီးစပ်ရာ ပါစတာဆိုင်တစ်ဆိုင်ကို ဝင်ကာ ဗိုက်ဖြည့်နေရင်း အင်မတန် မျက်စိရှုပ်ဖွယ်ရာ လမ်းဆုံကြီးကို ကြည့်မိရင်းက ကျွန်တော်တွေးမိလိုက်တဲ့ အတွေးတစ်ဆဟာဖြင့် ဒီလူ ပုံစံနဲ့ဆို တောင်ပေါ်မှာ ဖွင့်ဖို့ သေချာသလောက်ဘဲ။

စားသောက်ပြီးစီးပြီးနောက် ဆိုင်ရှေ့ ပလက်ဖောင်း ပေါ်ရပ်ရင်း တတိယဆိုင်ကို ထပ်သွားကြည့်ရမလား။ မကြည့်ရမလား။ တွေဝေနေတုန်းမှာဘဲ ကျွန်တော်ရှေ့ ရောက်လာတဲ့ ခပ်သေးသေးကလေးမလေးတစ်ယောက်။ ခေါင်းလေးစောင်းကာ ပြုံးပြရင်းနှုတ်ဆက်လိုက်တော့........

" ဘာရှာနေတာလဲ။ "

" ဟင်း......"

" စောနကထဲက စာရွတ်ကိုင်ပြီး ဟိုသွားဒီသွား နေတာလေ.....ဟုတ်တယ်မလား။ "

" အင်း....ဟုတ်တယ် ထူးခြားတဲ့ ဆိုင်တစ်ဆိုင် လိုက်ရှာနေတာ.... ပုံမှန်ဆိုင်မဟုတ်ဘဲ ထူးခြားနေတဲ့ဆိုင်။ "

The Day I Met YouWhere stories live. Discover now