059

2.1K 407 103
                                    


059. ပိုကြီးတဲ့ နံပါတ်ကို ပြောလိုက်ခြင်း

သူတို့ အပြင်မသွားခင် နေ့လည်စာ စားသွားခဲ့ကြတယ်။ နေက တောက်တောက်ပပ သာနေပေမဲ့ အပြင်ဘက်က အပူချိန်ကတော့ အတော်လေး နိမ့်လှတယ်။

ဟော်ကျင့်က ဆောင်းဦးရာသီ အဝတ်အထည်ဖြစ်တဲ့ သိုးမွေးထူထူ ခေါင်းစွပ်ပါတဲ့ ဂျက်ကက်ကို စည်းထုတ်ထားသလိုမျိုး နွေးနေအောင် ဝတ်ဆင်ထားခဲ့တယ်။ ချင်ယွီကလည်း အရင်က သူတို့အပြင်ထွက်တုန်းကထက် အပေါ်ထပ် တစ်ထည် ပိုဝတ်ဆင်ထားပြီး အလွှာတွေ အထပ်ထပ် ဖြစ်နေတာတောင်မှ အရမ်းကို လန်းဆန်းနုဖတ်နေတဲ့ ပေါ်နေခဲ့တယ်။

"မင်းမှာ မြေအောက်ရထားစီးတဲ့ ကဒ် ရှိလား" ချင်ယွီက မေးလိုက်တယ်။

"ငါ့မှာ ရှိပါတယ် ... ငါတို့ မြေအောက်ရထား စီးဖို့ လိုသေးတယ်လား " ဟွားတက္ကသိုလ်မှာ ကောင်းမွန်တဲ့ အားကစားဌာန ရှိတာကြောင့် ကျောင်းနဲ့ နီးတဲ့နေရာမှာ အားကစားပစ္စည်းတွေ ရောင်းတဲ စတိုးဆိုင်တွေ ရှိကြတယ်။ ချင်ယွီက သူ့ကို အဲဒီဆိုင်တွေကိုပဲ ခေါ်သွားလိမ့်မယ်လို့ ဟော်ကျင့် ထင်ခဲ့တာဖြစ်တယ်။

"အင်း ... Hyde Street ကို သွားကြရအောင်" ချင်ယွီက ဟော်ကျင့်ကို ပြန်ဖြေပြီးတာနဲ့ တောင်ဘက်ဂိတ်ကို ဦးဆောင် ခေါ်သွားခဲ့တယ်။ Hyde Street က မြို့တော်ထဲက အကြီးဆုံး အားကစားရုံတွေနား နီးတဲ့ အရှေ့တောင်ဘက်မှာ တည်ရှိတာ ဖြစ်တယ်။ လမ်းတစ်လျှောက်မှာ အားကစားပစ္စည်းစုံတဲ့ ဆိုင်တွေကြောင့် အဲ့ဒီလမ်းကို လူသိများကြတယ်။ ဟွားတက္ကသိုလ်ကကျတော့ မြို့တော်ရဲ့ အနောက်ဘက်အပိုင်းမှာ တည်ရှိတာကြောင့် တောင်ဘက်ဂိတ်ကနေက တစ်ဆင့် မြေအောက်ရထားစီးပြီး နောက်ထပ် လိုင်းပြန်ပြောင်းစီးသွားရမှာ ဖြစ်တယ်။ အဲဒီအဆင့်တွေ အကုန်လုံးဆို အနည်းဆုံး တစ်နာရီလောက် ကြာမှာ ဖြစ်တယ်။

ဟော်ကျင့်က ချင်ယွီ သူ့ကို အဲ့လောက် ဝေးတဲ့ နေရာအထိ ခေါ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ သူ ချင်ယွီနောက်ကို အမြန်လိုက်ရင်း မေးလိုက်တယ် : "ကျောင်းနားမှာလည်း ရောင်းတဲ့ဆိုင် မရှိဘူးလား"

မင်းအွန်လိုင်းဖြစ်မဲ့အချိန်ကို စောင့်နေတယ်Where stories live. Discover now