061

2.1K 279 61
                                    

တောင်းဆိုစရာလေး ရှိပါတယ်။ ဟော်ကျင့်နဲ့ ချင်ယွီတို့ အကြောင်းလေးကို စိတ်ထဲ ရှိတာလေး ပြောပေးသွားပါ.. အားလပ်ရက်မှာ များများရေးနိုင်ဖို့ အားဆေးလေး ပေးပါ။ Plz... 💕

061. ဒိတ်လုပ်သလိုမျိုး

ဟော်ကျင့်ရဲ့ နောက်ကျောက ပူနေတဲ့ မီးပူပြားလို ရဲရဲတောက်အောင် လောင်ကျွမ်းသွားသလို ခံစားလိုက်ရတယ်။ သူက လူတွေ အများကြီးကြားထဲ ရောက်နေပေမဲ့လည်း သူ့နောက်နား ကပ်ရပ်မှာ ရှိနေတဲ့ တစ်ယောက်သော သူကြောင့် သူ့ကို ဘယ်သူ တစ်ဦးတစ်ယောက်မှ ထိတွေ့လို့ မရနိုင်တဲ့ပုံ ပေါ်နေခဲ့တယ်။

သူ ဒီလူ့ဆီကနေ ခွဲထွက်ချင်ပေမဲ့ ချင်ယွီက ရုတ်တရက်ကြီး သူ့နောက်ကနေ တီးတိုး ပြောကြားလာခဲ့တယ် " မတ်တက် ရပ်လိုက်တော့ ..."

နွေးထွေးတဲ့လေက သူ့နားရွက်နားကနေ ဖြတ်သွားပြီး သံလိုက်လို ဆွဲငင်မှု ရှိတဲ့ အသံက သူ့ရဲ့ ထိရှလွယ်တဲ့ အာရုံကြောတွေကို တိုက်ခိုက်နေကာ သူဘာလုပ်ချင်ခဲ့တယ်ဆိုတာကိုတောင် မေ့လျော့စေခဲ့တယ်။ ချင်ယွီ သူ့ကို တင်းနစ်သင်ပေးတဲ့ ပထမဆုံး အချိန်ကို ပြန်တွေးလိုက်တယ်။ holographic game ထဲက သူနဲ့ မီးတောက် အတူတကွ မီးလျှံလေးကို ပထမဆုံး စီးနင်းခဲ့တဲ့ အချိန်ကိုရောပေ့ါ။ အဲဒီနှစ်ချိန်စလုံးမှာ သူက အဲဒီ့လူတွေရဲ့ နောက်ကနေ ဖက်ထားခြင်းကို ခံခဲ့ရတာ ဖြစ်တယ်။ ထူးဆန်းတဲ့ သွေးခုန်နှုန်းတစ်ခုက သူ့ဆီမှာ ဖြစ်ပွားလာခဲ့တယ်။ သူ့ခေါင်းထဲမှာ တဝီဝီ မြည်သံနဲ့ ပြည့်နေပြီး သူ့ဦးနှောက်ထဲမှာ တစ်ခုခု ပေါက်ကွဲသွားသလိုမျိုး အရာအားလုံးကို ပျက်စီးသွားစေရင်း သူ့ရဲ့ စိတ်အာရုံကိုလည်း ရှက်ဖြာသွားစေခဲ့တယ်။

သူ့ရဲ့နှစ်ဆယ်ကျော် အသက်အရွယ်ရလာတဲ့အထိ ဘဝမှာ ပထမဆုံးအနေနဲ့ ... ဒီလို ခံစားမှုမျိုးကို ဟော်ကျင့် ခံစားဖူးတာပဲ ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီခံစားချက်က သူနဲ့ လိင်တူနေတဲ့ တစ်စုံတစ်ယောက်ကို ရည်ရွယ်နေခဲ့လေတယ်။

ချင်ယွီက သူ့လက်ကို ဘယ်ချိန်လွှတ်လိုက်မှန်းတောင် သူမသိခဲ့ဘူး။ သူတို့ ထွက်ပေါက်ကနေ ထွက်လာတဲ့အချိန်မှာတော့ အေးမြတဲ့လေက သူတို့အသားပေါ် ဖြတ်တိုက်သွားလေတယ်။ နောက်တော့ သူတို့ မြေအောက်ရထားဘူတာကနေ ဆက်ပြီး လမ်းလျှောက်လာခဲ့တော့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 06, 2022 ⏰

Add this story to your Library to get notified about new parts!

မင်းအွန်လိုင်းဖြစ်မဲ့အချိန်ကို စောင့်နေတယ်Where stories live. Discover now