💕 မင်း / မင္း - 29

7.6K 394 89
                                        

✍️ Unicode

💕 မင်း
----------------

" ကျွန်တော် အစ်ကို့ကိုအရမ်းချစ်တယ်…… "

မရည်ရွယ်ဘဲပြောထွက်သွားတဲ့စကားကြောင့်ဖွင့်လက်စတံခါးကိုဆက်မဖွင့်တော့ဘဲတုန့်ကနဲဖြစ်သွားတဲ့အဖိုးကြီးပေါက်စနားကိုလျှောက်သွားလိုက်ကာတံခါးကိုပြန်တွန်းပိတ်လိုက်သည်။

ပြီးတော့မှအဖိုးကြီးပေါက်စကိုနောက်ကျောကသိုင်းကာတင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။

" ဖယ်စမ်း… "

အဖိုးကြီးပေါက်စက ဒေါသကြောင့်တုန်နေတဲ့အသံနဲ့ရုန်းကန်ဖို့ကြိုးစားနေတုန်းလည်ဂုတ်နားဆီကိုငုံ့နမ်းပစ်လိုက်သည်။

" ခွပ်… "

အဖိုးကြီးပေါက်စကလှည့်ရုန်းလိုက်ပြီးထိုးလိုက်တဲ့လက်သီးကြောင့် ထွဋ်ခေါင်မျက်နှာနဲ့လက်သီးအရှိန်ပြင်းပြင်းထိတဲ့အသံထွက်လာသည်။အားပါးပါး ပြင်းလိုက်တဲ့လက်သီး။

" မင်းငါ့ကိုစော်ကားလို့အားမရသေးဘူးလားဟင်… ငါ့ရှေ့ကဖယ်စမ်း… "

" ကျွန်တော်ဘာစော်ကားနေလို့လဲ… "

" လူတိုင်းကိုချစ်တယ်လိုက်ပြောနေရအောင်ထိဆိုတော့ မင်းမှာကအချစ်တွေတော်တော်ပေါနေတာပေါ့… "

" ဘာတွေလျှောက်ပြောနေတာလဲ… ကျွန်တော်ကဘယ်လူတွေတိုင်းကိုချစ်တယ်လိုက်ပြောနေလို့လဲ… "

" မင်းပဲရတီဦးကိုချစ်တယ်ဆို… လက်ထပ်မှာဆို… ယောက်ျားကတိပါဆို… "

" ဟုတ်တယ်… ဒါပေမဲ့ အစ်ကိုနဲ့ယှဉ်လိုက်တဲ့အခါ ရတီဦးကိုချစ်မိတာက ရင်ခုန်သံမပါတော့ဘဲဖြစ်သွားတယ်… ပြီးတော့ ရတီဦးကကျွန်တော့်ကိုအဖြေမပေးသေးဘူးလေ… အဲဒီတော့ကျွန်တော့်စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိနေသေးတယ်…… "

" ဒါကတော့ မင်းကပြန်ရုပ်သိမ်းချင်တယ်ပြောခဲ့တာကိုး…… "

" ဒါဟာကျွန်တော့်ရဲ့ယောက်ျားပီသမှုပဲလေ… အမှန်တကယ်ဆို ရတီဦးကချစ်တယ်ပြောပြီးမှမဖြစ်နိုင်လို့ပါဆိုပြီး လမ်းခွဲခဲ့လဲရတာပဲ… လက်ထပ်ကြပြီးသားအိမ်ထောင်သည်တွေတောင် အလျှိုလျှိုပြန်ကွဲနေကြတဲ့ခေတ်ကြီးထဲမှာ ကျွန်တော်ဆိုတဲ့ကောင်ကချစ်သူမဖြစ်ခင်ပြန်ဆုတ်ခဲ့တာ… ဒါဂာကျွန်တော်ယောက်ျားပီသတာမဟုတ်ဘူးလား… "

💕 မင်းWhere stories live. Discover now