💛

2 1 0
                                    

သူ့ကို အဝါရောင်အသဲလေးအနေနဲ့
တင်စားမယ် အရမ်းလှလွန်းတယ်
သူ့ကိုမြင်နေရတာ

ပိုင်ဆိုင်လိုစိတ်မရှိဘဲ
လောဘတွေမရှိဘဲ
အတ္တတွေမရှိဘဲ
သူဆိုတဲ့ဖြစ်တည်မှုလေးအတွက်
ကိုယ်သဘောကျခဲ့တယ်
သဘောကျနေမိတယ်
ဆက်ပြီးသဘောကျနေဦးမယ်

ဆယ်ကျော်သက်အရွယ်
စိတ်ကစားမှုလေးကနေ
ရင့်ကျက်တဲ့အမျိုးသမီးငယ်လေးရဲ့ သဘောကျမှုတွေအဖြစ်
ပြောင်းလဲလာခဲ့တယ်
ဒါပေမယ့် ဖြူစင်နေတုန်းပါပဲ

ဟိုအရင်တုန်းကလို
ဆယ်ကျော်သက်ဘဝတုန်းကလို
သူ့မရဲ့သဘောကျမှုတွေက
ဖြူစင်နေတုန်းပါပဲ

သူ့နဲ့ပတ်သက်တဲ့ အမှတ်တရတွေ
သူ့ရဲ့အပြုံးတွေ သူ့ရဲ့ပုံရိပ်လေးတွေ
ထုတ်ပြောဖြစ်မှာမဟုတ်တော့တဲ့
ဝန်ခံချက်တွေ ထာဝရသိမ်းထားမှာပါ
သူသိမှာမဟုတ်ရင်တောင် အမြတ်တနိုးနဲ့
ကိုယ်သိမ်းထားဦးမှာပါ

In another life, I would be your girl👸
I pray for this🙏

my diary Where stories live. Discover now