Te Amo

0 1 0
                                    

သိပ်ချစ်ခဲ့ပါရဲ့
ဘာမှမမျှော်လင့်ဘဲနဲ့ကို ချစ်ပေးခဲ့ပါရဲ့
အရာအားလုံးထက်ကို

ဒါပေမယ့် ဆက်မချစ်တော့ပါဘူး🥺
ဆက်မချစ်နိုင်တော့လို့
ခွင့်လွှတ်ပေးစေချင်တယ်

တချို့အချစ်တွေက သိပ်ပျော်ရွှင်ရတယ်
ကိုယ်ရဲ့ဖြစ်တည်မှုကိုတောင်
သူမသိခဲ့ပေမယ့်

သူ့ရဲ့ဖြစ်တည်မှုလေးကို မြင်နေရရုံနဲ့
သူ့ကိုချစ်ပေးရတာ ကိုယ်ပျော်ရွှင်ခဲ့တယ်

တချို့အချစ်တွေက သိပ်အေးချမ်းခဲ့တယ်
လောဘဆိုတာမရှိဘဲ
ဘာမျှော်လင့်ချက်မှမရှိဘဲ
သူနဲ့စကားတွေပြောနေရရုံနဲ့
ကျေနပ်မိခဲ့တယ်

တချို့အချစ်တွေက
သိပ်သနားဖို့ကောင်းတယ်
ကိုယ့်အချစ်တွေကို
သူသိအောင်ပြောခွင့်မရခဲ့ဘူး
ထာဝရအတွက် သိမ်းထားလိုက်တော့မယ်
တသက်လုံးပြောခွင့်မရှိနိုင်တော့😔

တချို့အချစ်တွေက သိပ်နာကျင်ရတယ်
တဖက်သတ်အချစ်မို့

စွန့်လွှတ်လိုက်ပါရစေ
ဆက်ပြီးဆုပ်ကိုင်မထားနိုင်တော့လို့
သိပ်ကိုနာကျင်ရလွန်းလို့
အချိန်တစ်ခုရောက်ရင်တော့
ဘာမှမဖြစ်ခဲ့သလို
ဘာမှမရှိခဲ့သလို
အရင်လိုအဆင်ပြေသွားနိုင်မှာပါ

my diary Where stories live. Discover now