Chapter 3

422 50 0
                                    

Chapter 3

Zawgyi

ဟေဒီယာသည် ကျယ်လောင်စွာအော်ပြီး မြေပေါ်သို့ဒူးထောက်ကာ ငို လေသည်။ တစ်ဖက်တွင် လီအာနာသည် သွေးချောင်းစီးနေသော မြင်ကွင်းမှ မျက်စိမခွာပေ။ တခြားသူများလည်း တိုက်ခိုက်ကြသည်။ ဒီတစ်ကြိမ်တွင် အကုန်လာတိုက်ခြင်းဖြစ်သည်။ သို့သော် သူမ၏ ကာကွယ်သူသည် သူတို့ကို ရှင်းလိုက်သည်မှာ လီအာနာ ကျောကိုပင် အေးစိမ့်သွားစေသည်။ သူမသည် ထိုမျှလောက် ကြမ်းတမ်းပြီးအရိုင်းဆန်သည့် ခွန်အားကို မမြင်ဖူးပေ။

တိုက်ခိုက်သူများအားလုံး မြေပေါ်လဲကျသွားသည့်အချိန်တွင် အရပ် ရှည်သည့်လူကြီးသည် ဓားရှည်နှင့်အတူ သူတို့ကိုမျက်နှာချင်းဆိုင်လေသည်။

သူ့မျက်နှာတွင် သွေးစများ ပေကျံနေသော်လည်း သူ့အကြည့်မှာ တည်ငြိမ်ပြီး အေးစက်နေသည်။ သူသည် သူ့ဓားဖျားတွင် လူမည်မျှပင် အသက်ပေးရပါစေ ဂရုမစိုက်သည့်ပုံစံမျိုးပင်။

သူမအပျိုရံထပြီး တုန်ယင်စွာပင် လီအာနာဆီသွားလေသည်။ သူစိမ်း လူကြီးသည် သူမဆီသို့ဖြည်းညင်းစွာလျှောက်လာရာ မိန်းမငယ်လေးနှစ် ယောက်သည် ကြောက်ရွံ့မှုကြောင့် တစ်ယောက်နှင့်တစ်ယောက် ဖက်တွယ် ထားလေသည်။

"နေမင်းသမီးလေး" ထိုလူသည် လေသံဖြင့်ပြောကာ သူမ၏ ပါးပြင်ကို သွေးပေနေသော သူ့လက်များဖြင့် ဖြည်းညင်းစွာပွတ်သပ်လေသည်။

ထို့နောက်တွင် သူမ လည်ပင်းကို သူ့လက်ဖြင့်ဆုပ်ကိုင်ကာ ပင့်မြှောက် လိုက်သည်။

လီအာနာသည် အသက်ရှုကြပ်သွားသဖြင့် သူ့လက်မှ လွတ်မြောက်ရန် မျှော်လင့်ချက်ဖြင့် ကြိုးစားလေသည်။ သို့သော် ထိုလူကြီးသည် သန်မာလွန်း သည်။ သူသည် သူမကို လေထဲသို့ တစ်ချက်တည်းမြှောက်နိုင်သည်။ သူမ သည် သူ့အတွက် ငှက်မွေးသဖွယ်ပင်။ သူ ရုတ်တရက် သူမကိုလွှတ်လိုက် ချိန်တွင် မြေကြီးကိုအရောင်စွန်းပြီး သေသွားနိုင်သည်ကို တွေးနေမိသည်။ မင်းသမီး မျှော်လင့်ချက်ဖြင့် အသက်ရှုနေချိန်တွင် ဟေဒီယာသည် သူမဘေး တွင် ညင်သာစွာဖက်တွယ်ထားသည်။

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Where stories live. Discover now