Chapter 23

165 23 2
                                    

Zawgyi

Chapter 23

အမှန်တကယ်ပင် အခက်တွေ့သည့်အခြေအနေပင်။ သူမ မည်သည့် အရာကိုပြောရမည်... မည်သည့်အရာကိုမပြောရမည်ကို မသိတော့ပေ။ သို့သော် ဒီလူကြီးကိုယုံသင့်သည်ဟု သူမ ခံစားချက်မှပြောနေသည်။

"ကျွန်မအပျိုရံနဲ့ မြင်းစီးထွက်ခဲ့ကြတာ ပြီးတော့ ဓားပြတချို့နဲ့တွေ့ တော့ ဘုရင်အူးလ်ရစ်က ကယ်ပေးခဲ့တာ၊ ဒါပေမဲ့ ချက်ချင်းပဲ ကျွန်မအပျိုရံကို ခမည်းတော်ဆီပို့ပြီး ကျွန်မကိုတော့ သူ့ရဲတိုက်ကို အကျဉ်းသားအဖြစ်ခေါ် လာခဲ့တယ်"

နီးဗက်စ်သည် နားထင်ကိုပွတ်လိုက်သည် "အဲဒါကိုကြောက်တာပဲ... တစ်နေ့တော့ သူဒီလိုကိစ္စလုပ်မယ်လို့ ထင်ထားပြီးသားပဲ ဒီလောက်ကြာခဲ့ပြီ လေ ဒါပေမဲ့ သူကတော့ သူရဲ့အဓိပ္ပာယ်မရှိတဲ့ လက်စားချေမယ့်လမ်းကိုပဲ ရွေးမယ့်ပုံပဲ"

အခုချိန်တွင် စိုးရိမ်စွာလှည့်လာသူမှာ လီအာနာဖြစ်သည်။ "ဒါပေမဲ့ ဘာလို့လဲ ကျွန်မတို့က သူ့ကိုဘာလုပ်ခဲ့တာလဲ ကျွန်မတို့က သူ့ဆီက နယ်မြေ လုခဲ့တာလား မဟုတ်ရင် အဲလိုမျိုးတစ်ခုခုကိုယူခဲ့တာလား"

နီးဗက်စ်သည် ဝမ်းနည်းစွာဖြင့် ခေါင်းရမ်းလေသည် "မဟုတ်ဘူး မင်းသမီးတို့က သူ့ဆီက တန်ဖိုးအရှိဆုံးကို ယူသွားခဲ့တာ.. သူ့နှလုံးသား.. အနည်းဆုံးတော့ သူအဲလိုစဉ်းစားတဲ့ဟာပေါ့..."

လီအာနာသည် ဘာရီဒီ၏ ဖခင်ကိုနားမလည်တော့ပေ။ သူသည် ပဟေဠိတစ်ခုကိုပြောနေသည်နှင့်တူသည်။ "ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မ သိချင်တယ် ကျေးဇူးပြုပြီး..."

သို့သော် နီးဗက်စ်သည် ခေါင်းရမ်းပြန်သည်။ "ကျုပ်ပြောသင့်တာထက် ပြောပြီးသွားပြီ ကျုပ်ပြောရင်းနဲ့ တစ်ခုတော့ ထပ်ပြောလိုက်မယ် သူက လူကောင်းတစ်ယောက်ပါ သူက ပျက်စီးကောင်းပျက်စီးနေမယ် ဒါပေမဲ့ သူက တစ်နေရာမှာတော့ အရင်ကလို စိတ်ထားကောင်းတဲ့သူဖြစ်နေတုန်းပါပဲ... သဲလွန်စနည်းနည်းကိုရှာကြည့်ပြီး ကျုပ်စကားတွေကိုမှတ်ထားပါ သူ့ကို တော်တော်များများကြောက်ကြတာ သိပါတယ် ဒါပေမဲ့ အဲဒါက မင်းသမီးနဲ့ မဆိုင်တဲ့အရေးကြီးတဲ့ကိစ္စပါ"

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Where stories live. Discover now