Chapter 25

170 25 0
                                    

Zawgyi

Chapter 25

သူသည် နူးညံ့သောပွတ်သပ်မှုကြောင့် မျက်လုံးမှိတ်ကာပျော်မွေ့နေ သော ဝံပုလွေကိုကြည့်ပြီးနောက် သူ့ဘာသာသူ ရေရွတ်လေသည် "ငါ ဒီကောင်ကိုလည်း သတိပြန်ပေးရတော့မယ်ထင်တယ်" ထို့နောက်တွင် သူ သည် တစ်ယောက်တည်းထွက်သွားလေသည်။

သူမသည် ဝံပုလွေ၏အမွေးကို ဝမ်းနည်းစွာဖြင့် ဆက်ပွတ်သပ်နေလိုက် သည်။ သူမသိသည်... သေချာတာပေါ့... သူက အိမ်မွေးတိရစ္ဆာန်မှမဟုတ် တာ... သို့သော် ထိုလက်ရှိနွေးထွေးမှုကို နှုတ်ဆက်ရန်ခက်ခဲနေသေးသည်။ သို့သော် နောက်ဆုံးတွင် သူမ ကိုယ်တိုင်ပင်ခွဲခွာရသည် "ထတော့ အာ့လက်ရှ် ငါ ရဲတိုက်ကိုပြန်ရမယ်"

ဝံပုလွေသည် သူ့နာမည်ကိုခေါ်သည်ကို သိထားပြီးသည့်အတိုင်းပင် မျက်လုံးဖွင့်ကာ ခေါင်းမော့လာသည်။ သမ်းဝေရင်းနှင့် သူထကာ စွတ်ဖားပေါ် မှ တစ်ချက်တည်းခုန်ဆင်းသွားသည်။ လီအာနာသည် အနည်းငယ် သတိထားရသည်။

သူမသည် လွန်ခဲ့သည့်ရက်ပိုင်း စရောက်သည့်အချိန်ကလို မချော်ချင် ပေ။ အာ့လက်ရှ်သည် သူ၏ အဝါရောင်မျက်လုံးများဖြင့် သူမ ဘေးကင်းစွာ ဆင်းရဲ့သလားဆိုသည်ကို ဂရုတစိုက် စောင့်ကြည့်လေသည်။

သူမ ခြေဖဝါးအောက်တွင် ရေခဲပြားအန္တရာယ်မရှိသည်ကို သေချာသည် နှင့် တိရစ္ဆာန်ဘေးသို့ထပ်မံသွားကာ ခေါင်းကိုပွတ်ပေးလိုက်သည်။ ဝံပုလွေ သည် ခဏအကြာခံစားပြီးနောက် သူ့အုပ်ရှိရာသို့ ပြေးသွားလေသည်။

သူ တခြားသူများနှင့် သူတို့နေရာသို့ပြန်သွားသည်ကို သူမ ကြည့်နေခဲ့ သည်။

"လှလိုက်တဲ့ တိရစ္ဆာန်လေးတွေနော် ဟုတ်တယ်မလား" ဘာရီဒီသည် သူမဘေးတွင် လာရပ်လေသည် "မင်းသမီးက ဒီဝံပုလွေရဲ့ ယုံကြည်မှုကို ရတာဒီလောက်မြန်တာက တကယ်ထူးခြားတယ်"

"အဲလောက်မထူးခြားပါဘူး" လီအာနာသည် ကိစ္စတစ်ခုလုံးကို ဘေးချိတ်ရန်ကြိုးစားလိုက်သည် "သူကိုက ကောင်းတဲ့စိတ်လေးရှိပြီး လူတွေ နဲ့ အသားကျနေလို့ပါ"

ဘာရီဒီ၏ မျက်နှာတွင် အပြုံးတစ်ခုဖြတ်ပြေးသွားသည် "သူက တကယ် တော့ ဝံပုလွေတွေအားလုံးထဲမှာ သံသယအများဆုံးပဲ ဘုရင်အူးလ်ရစ်က လွန်ခဲ့တဲ့သုံးနှစ်က တောထဲမှာ သူသားကောင်ပေါက်တုန်းကတွေ့ခဲ့တာ၊ သူ့ လက်တွေလည်းကျိုးနေပြီး ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေအများကြီးရှိခဲ့ တာ အမှန်အတိုင်းပြောရရင် သူ အသက်ရှင်မယ်လို့တောင် ကျွန်တော်ဖြင့် မထင်ဘူး"

​နေမင်းသမီးနှင့် ​ရေခဲဘုရင် {MM tran}Where stories live. Discover now