[31.1]

2.5K 496 6
                                    

[Unicode]

ငါ အခုထိ ဗိုက်မဝ​သေးဘူးနှင့် ခင်ဗျားနှမကြီးပဲ သရုပ်​ဆောင်လိုက်

မုချိုးသည် နာမည်ကျော်အနုပညာရှင်တွေနဲ့ ပန်းချီကားတွေကို စိတ်မ၀င်စားသော်လည်း ကျုံးလီဖုန်းပိုင်အတွက် သူက ခွေး​လေးတစ်​ကောင်လို ပြေးလွှားပြီး စား​သောက်ဆိုင်ပိုင်ရှင်ရဲ့ ရှင်းပြချက်အရှည်ကြီးကို ထိုင်ခုံ​ပေါ်မှာ စိတ်ရှည်ရှည်နဲ့ ငြိမ်ငြိမ်​လေးထိုင်ကာ သူ့ရဲ့သည်းခံနိုင်မှုအတိုင်းအတာကို အကောင်းဆုံး ဆွဲဆန့်ဖို့ ကြိုးစား​နေသည်။

သူ အရမ်းကို အိပ်ချင်နေတယ်! အိပ်ချင်သော်လည်း အိပ်လို့မရနိုင်တာက အရမ်းကို နာကျင်ရတယ်! ပိုပြီး နာကျင်စရာကောင်းတာက ကျုံးလီဖုန်းပိုင်က ပိုင်ရှင်ကိုအရမ်းအ​လေး​ပေးနေတာပဲ! သူ လမ်း​လျှောက်နိုင်တဲ့ သစ်သားတုံးကြီး​တောင် ဖြစ်သွား​တော့မယ်! ဒါဆိုရင်တော့ အ​တော်​လေး ကြောင်​တောင်​​,တောင်နိုင်တော့မှာပဲ!

"ဒီလက်ရာက အရမ်းကို ဂန္ထဝင်ဆန်ပြီး ရှေးကျတယ်လို့ ကျွန်တော်ခံစားမိတယ် "ကျုံးလီဖုန်းပိုင် သက်ပြင်းချလိုက်သည်။

"ဟုတ်တာ​ပေါ့" မုချိုး သူ့ရဲ့အခွင့်အရေးကို တွေ့သွားပြီး စိတ်ပါလက်ပါနဲ့ ဝင်​ပြောလိုက်သည်။ " ဒီ ရယ်​နေတဲ့ကျားမျက်နှာက အလွန်တရာကိုမှ အသက်ဝင်လွန်းတယ်"

သူ​ပြောပြီး ချက်ချင်းပင် ဆိုင်ပိုင်ရှင်နဲ့ ကျုံးလီဖုန်းပိုင် တို့နှစ်​ယောက်လုံးက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ပြီး သူတို့မျက်လုံး​တွေထဲမှာလည်း ရှုပ်​ထွေး​နေမှုအပြည့်ပင်...

မုချိုး သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်မိပြီ။ ဒီအ​ခြေအ​နေက သူ့​ပြောလိုက်တဲ့ စကားမှာ တစ်ခုခုမှားသွားတယ်ဆိုတာကိုပြ​နေတာပဲ!

ထင်ထားသည့်အတိုင်းပဲ....ကျုံးလီဖုန်းပိုင် ပြောလိုက်သည်။ "သူ့ကို ရှန်ကျန်းလို့​ခေါ်တယ်"

"ရှန်ကျန်း?"

မုချိုးရဲ့ ပထမဆုံး​တုံပြန်တွေးမိသည်က ချာတာဥပဒေနှင့် ဝူချန်း အရေးအခင်း*ကိုပဲ ဖြစ်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now