[31.2]

2.4K 512 8
                                    

[Unicode]

ငါ အခုထိ ဗိုက်မဝ​သေးဘူးနှင့် ခင်ဗျားနှမကြီးပဲ သရုပ်​ဆောင်ခိုင်းလိုက်

ဆုနိုရဲ့စိတ်ထဲမှာ​တော့ မျက်ရည်​တွေက သူ့မျက်နှာအ​ပေါ်က​နေ စီးကျလာ​နေပြီလို့ ခံစားနေရသည်။ သူလုပ်ရမှာက​တော့ ပန်းကန်လုံးကို တီးခေါက်ပြီး အစားအသောက်တွေ တောင်းဖို့အတွက် သီချင်းဆိုဖို့ပဲ ကျန်​တော့သည်။

သူတို့ပြန်တော့ ဆုနို ကား​ပေါ်မှာထိုင်ရင်းနဲ့ ပို့စ်တစ်ခုကို တင်လိုက်၏ -- ကူညီပါအုံး....ချိန်း​တွေ့ပြီး​တော့ ဗိုက်မပြည့်ဘူးဆိုတာ ပုံမှန်လား!

ဒီ​ခေါင်းစဉ်က မိန်းက​လေး တော်​တော်များများရဲ့ အာရုံကို ဖမ်းစားနိုင်သွားသည်။ ဒါ​ကြောင့် reply တွေကလည်း တော်​တော် အားရစရာပင်။
လူတိုင်းက "ချိန်းတွေ့ပြီး​တော့ ဗိုက်ပြည့်တယ်ဆိုတာကသာ ပိုပြီးပုံမှန်မကျတာ" ဖြစ်​ကြောင်း ချက်ချင်း အဆိုတင်သွင်းကြသည်။

သူတို့က အတိုင်းထက်အလွန်နူးညံ့သိမ်​​မွေ့ပြီး ထိခိုက်လွယ်သလို ဖြစ်​နေရမယ်!

ကောင်မလေးတစ်က ပြောတယ်-သူမ ရည်းစားနဲ့ အပြင်သွား​တော့ သူမက အမဲသားစတိဗ်ကို ငါးပိုင်းပဲ စားလိုက်ရတယ်။

ကောင်မ​လေးနှစ်က - သူမရည်းစားနဲ့ အပြင်သွား​တဲ့အခါတိုင်း ပြောင်းဖူးဆလပ်ကိုပဲ အမြဲလိုလိုစားခဲ့ရတယ်။

ကောင်မ​လေးသုံးက ပိုပြီး​တောင် ဝမ်နည်းစရာ​ကောင်းလွန်းပါတယ်- သူမက​ ပြောတယ် - သူက အရူး​ပဲ! Redology ကိုစုံစမ်းရတာကြိုက်တယ်၊ Lin DaiYu* ကို အရူးအမူးစိတ်ဝင်စားတယ်၊ ဖျားနားလွယ်ပြီး ပျော့ညံ့တဲ့အလှလေးတွေကို ကြိုက်တယ်! ဒါ​ကြောင့် သူ့အကြိုက်ပုံစံမျိုး ဖြစ်​အောင်,သူတို့ ချိန်းတွေ့တဲ့ အခါတိုင်း,သူမက မျက်ခုံးကိုကျုံ့ပြီး အစာအိမ်က နာကျင်နေကြောင်း ဟန်ဆောင်ပြီး ပုလင်းအကြည်ထဲမှာ တရုတ်​ဆေးဆိုပြီး ထည့်ထားတဲ့ coke ကို သောက်ခဲ့ရတယ်။ coke တွေ ပြန်ထွက်ဖို့ တစ်ညလုံး အချိန်ယူလိုက်ရတယ်။ အဲ့တုန်းက မျှော်လင့်ချက်​တွေ မဲ့သွားသလိုပဲ!

T/N: Lin DaiYu က ဥာဏ်ရည်ထက်မြက်ပြီး လှပတဲ့ အမျိုးသမီးဇာတ်ကောင်ပါ။ သူမက အလွန်အားနည်းတတ်တဲ့ခန္ဓာကိုယ်ရှိသည်မို့ ဖျားနာလွယ်ပြီး  melancholic လို ပုံစံမျိုး​ ဖြစ်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now