[32.1]

2.5K 483 4
                                    

[Unicode]

ခရမ်းချဉ်သီးကြက်ဥ​ခေါက်ဆွဲနှင့် တုပ်​ကွေးဝင်ပြီး ဖျားနာခြင်း

 
သူ့ရဲ့ရန်သူက အင်အားကြီးတာ​ကြောင့် ဆုနိုရဲ့လက်ရုံးရည်က ဖိနှိပ်ခြင်းခံလိုက်ရသည်။

သူ လုံးဝမ​ကျေနပ်​ဘူး!

"ဒီည အိမ်ပြန်မှာ!"

ဆုနို ဆိုဖာ​ပေါ်မှာ ထိုင်ရင်းနဲ့ သူ့​ခြေ​ထောက်​​တွေက အိုးရန်လုံအပေါ်ကို ဖြတ်တင်ထားသည်။

"ဘာလုပ်ဖို့ အိမ်ပြန်မှာလဲ?" အိုးရန်လုံ ခါးကို ကုန်းလိုက်ကာ နမ်းလိုက်သည်။

"ဒီမှာပဲ နေပါလား....ဟင်....ကိုယ်မနက်ဖြန် ရိုက်ကူး​ရေး​နေရာကို တစ်ခါတည်းလိုက်ပို့​ပေးမယ်လေ "

"ကျွန်တော်တို့ ဆက်ဆံရေးက တအားမြန်လာတယ်လို့ မထင်ဘူးလား ?" ဆုနို လေးနက်သည့် မျက်နှာပေးဖြင့် မေးလိုက်သည်။

"ကိုယ်က နှေး​နေတယ်လို့​တောင် ခံစား​နေရတာ!"

အိုးရန်လုံက အရမ်းကို သြဇာလွှမ်းမိုးချင်တာပဲ!

ဒါ လုံးဝကိုနှေးမ​နေဘူး....အလင်းရဲ့အရှိန်​လောက်ကို မြန်​နေတာ,ဟုတ်ပြီလား! ဆုနို သူ့ရဲ့စိတ်ထဲမှာ ဆန္ဒပြထုတ်​ဖော်လိုက်သည်။

ခင်ဗျားက အကုန်လုံးကို လိုက်ထိ​နေတာ​လေ!

ထို​ကြောင့် သူ လေးနက်စွာဖြင့် " ကျွန်တော်တို့တွေ နည်းနည်းလေး နောက်ပြန်ဆုတ်လိုက်ရင် ဘယ်လိုလဲ?"

"နောက်ပြန်ဆုတ်မယ် ဆိုတာက ဘာလဲ?"အိုးရန်လုံ နားမလည်​ပေ။

ငါ​​ရဲ့တင်ပါးကို ထိချင်သလို လာမထိနဲ့လို့ ဆိုလိုတာကွ! ဆုနို တကယ်ကြီး အော်ပစ်လိုက်ချင်​နေသည်။ ဒါ​ပေမယ့်လည်း သူ​​အော်​ပြောလိုက်ဖို့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ တည့်ကြီးပြောဖို့က နည်းနည်းလေးတော့ရှက်စရာပဲ​လေ!

"နောက်ကျရင် အလုပ်မရှိတဲ့အခါကျ ကိုယ်အိမ်ကို လာခဲ့​လေ,ကိုယ် မင်းအတွက် စား​ကောင်းတာ​တွေ အများကြီးချက်​​​ပေးမယ် " အိုးရန်လုံက အရမ်းကိုမှ နူးညံ့ချိုသာ​နေသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now