[32.2]

2.4K 460 5
                                    

[Unicode]

ခရမ်းချဉ်သီးကြက်ဥ​ခေါက်ဆွဲနှင့် တုပ်​ကွေးဝင်ပြီး ဖျားနာခြင်း

ချိုးကျီယန် မိမိကိုယ်ကို ရဲရင့်တဲ့စစ်သား တစ်​ယောက်လို သဘောထားပြီး ဂျင်းပြုတ်ရည်ကို ခက်ခက်ခဲခဲနဲ့ သောက်ချလိုက်ရသည်။

"ကျွန်တော် အကိုကျိရန်အတွက် ဆန်ပြုတ်,ပြုတ်​ပေးမယ်" ထန်​ရှောင်းယွီ မေးလိုက်သည်။ " ဆန်ပြုတ်အချိုစားချင်လား? အငန်စားချင်လား?"

"ဘာမှ မစားချင်ဘူး " ချိုးကျီယန် ဘာတစ်ခုကိုမှ စားချင်စိတ်မရှိ​ပေ။ သူ အိပ်ယာ​ပေါ်ကို ပြန်လှဲချလိုက်ပြီး အိပ်ဖို့သာ စဥ်းစားလိုက်သည်။

"ဒါဆိုရင် ကျွန်တော် မိုင်ခယ့်ကို ခေါ်လိုက်မယ်" ထန်​ရှောင်းယွီ အိပ်ယာ​ခေါင်းရင်းမှာ ရှိ​နေတဲ့ဖုန်းကို လှမ်းယူလိုက်သည်။

"ခရမ်းချဉ်သီးကြက်ဥ​ခေါက်ဆွဲ " ချိုးကျီယန် ချက်ချင်းကို အရှုံး​ပေးလိုက်ရသည်။

မိုင်ခယ့်ကို ပြောလိုက်တယ်ဆိုတာက အ​မေ့ကို ပြောလိုက်တာနဲ့ တူတူပဲ။ ဒါ ကိုယ့်ကိုယ်ကို သေ​ကြောင်းကြံလိုက်တာထက် ပိုဆိုးတယ်။ ဒီဒုက္ခက​နေ လွတ်ဖို့အတွက် ခေါက်ဆွဲတစ်ပန်းကန် စားလိုက်တာက ပို​ကောင်းပါတယ်လေ။

"အို​ခေ " ထန်​ရှောင်းယွီ ဖုန်းကို ပြန်ချလိုက်သည်။
ချိုးကျီယန် သူ့ရဲ့မျက်နှာ​သေး​သေး​လေး​ပေါ်က အကြံစည်အောင်မြင်သွားလို့ ပြုံးလိုက်တဲ့အပြုံးလေးကို မြင်လိုက်ရသည်။

တကယ် အကြင်နာတရားကင်းမဲ့လိုက်တာ!

အိပ်ယာ​ပေါ်မှာလှဲ​ပြီး ဟိုဘက်ဒီဘက် လှည့်​နေတာနဲ့ပဲ အိပ်မ​ပျော်​တော့တာခြင်းအတူတူ ချိုးကျီယန် စောင်ကို ကန်ထုတ်လိုက်ပြီး အိပ်ယာ​ပေါ်ကနေ ထလိုက်သည်။

မီးဖိုချောင်ထဲမှာ​တော့ ထန်​ရှောင်းယွီက ဂျုံနယ်တဲ့​နေရာမှာ အာရုံစိုက်နေသည်။ မုန့်နှစ်​တွေကို နယ်ပြီး စက်ဝိုင်းပုံ​လေး​တွေလုပ်နေ၏။ ပြီးရင် လှိမ့်တယ် ပြီး​တော့ ဂရုတစိုက်နဲ့ ဖြတ်ပြီး ပြုတ်လိုက်ပြီး​နောက် ထည့်ဖို့လုပ်ထားတဲ့ ပန်းကန်လုံးထဲကို သေချာဆယ်ထည့်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now