[33.1]

2.5K 457 2
                                    

[Unicode]

ဝူလင်း​ခေါင်း​ဆောင်နှင့် ကိုယ် အစည်းအ​ဝေးခန်းထဲမှာ


ထန်​ရှောင်းယွီ ဆွံအသွားရသည်။ အဖျားတိုင်းဖို့က နှာဖူးကိုစမ်းရတာမဟုတ်ဘူးလား?

"ကစားကွင်းဆို ဘယ်လိုလဲ?" ချိုးကျီယန် မေးလိုက်သည်။
"မရဘူး " ထန်​ရှောင်းယွီ ခေါင်းခါလိုက်၏။ "တစ်​ယောက်ယောက်က သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ?" ပြီး​တော့လည်း ကစားကွင်းမှာက ရေ​တွေက နေရာတိုင်းမှာ ရှိ​နေတာ အဖျားတာရှည်သွားလိမ့်မယ်!

"ဒါဆိုရင်လည်း ရုပ်ရှင်သွားကြည့်ရ​အောင် " ချိုးကျီယန် ဆက်ပြောလိုက်သည်။ " အဲ့ကားထဲမှာ ငါ သရုပ်​ဆောင်ထား​တယ် "

"ဘာကားလဲ?" ထန်​ရှောင်းယွီ သိချင်စိတ်ဖြင့်မေးလိုက်သည်။ "ကြီးမြတ်တဲ့ မိန်းမစိုး!" ချိုးကျီယန် ပြန်​​​ဖြေလိုက်သည်။

"ဖူး......"ထန်​ရှောင်းယွီ အားနာချင်းမရှိ ရယ်ချလိုက်သည်။

“ဟေး!” ချိုးကျီယန် သူ့​ခေါင်းကိုခေါက်လိုက်ပြီး "ဘာရယ်စရာပါလို့လဲ?"

"ကြီးမြတ်တဲ့ မိန်းမစိုး"လိုမျိုး နာမည်ကြောင့် တစ်စုံတစ်​ယောက်ရဲ့ စိတ်​တွေက တက်ကြွသွားရသည်။

ထန်​ရှောင်းယွီ မျှော်လင့်ချက်ကြီးစွာဖြင့် လက်ခံလိုက်သည်။ "အို​ခေ,ကျွန်​တော်လိုက်မယ် " 

"ရုပ်ရှင်ထဲက မိန်းမစိုးနဲ့ ငါနဲ့ ဘာမှမသက်ဆိုင်ဘူး​နော် " ချိုးကျီယန် အဝတ်လဲပြီး​နောက် ပြောလိုက်သည်။
" ငါက အဲ့ကားထဲမှာ သူရဲ​ကောင်း​ဇာတ်ရုပ်ပဲ သရုပ်​ဆောင်ထားတာ!"

"အို....." ထန်​ရှောင်းယွီ နည်းနည်းတော့ စိတ်ပျက်သွားရသည်။

“ကြည့်ရတာ မင်းက ငါကို မိန်းမစိုးလို သရုပ်​ဆောင်​စေချင်​နေတဲ့ပုံပဲ!" ချိုးကျီယန် စိုက်ကြည့်နေသည့်မျက်နှာထားဖြင့် သူ့ပါး​လေး​တွေကို ညစ်လိုက်သည်။

ဟုတ်တယ်,သူ တကယ် တွေးနေခဲ့တာ!

ထန်​ရှောင်းယွီ နှုတ်ခမ်းနှစ်လွှာကို စေ့ပိတ်ပြီး ခေါင်းကိုအသည်းအသန်ခါလိုက်​သော်လည်း သူ့မျက်လုံးထဲက ရယ်မြူးရိပ်​တွေကိုဖြင့် မဖုံးကွယ်ထားနိုင်​ပေ။
ထို့​ကြောင့် သူ အိပ်ယာ​​ပေါ်ကို အတင်ခံလိုက်ရပြီး မစ္စတာချိုးရဲ့ ကိုယ်ထိလက်ရောက် ထိပါးခြင်းကို ခံလိုက်ရ​တော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now