[33.2]

2.3K 462 6
                                    

[Unicode]

ဝူလင်း​ခေါင်း​ဆောင်နှင့် ကိုယ် အစည်းအ​ဝေးခန်းထဲမှာ

ထန်​ရှောင်းယွီ နှုတ်ခမ်းစူလိုက်ပြီး နာမည်ကြီးဆယ်လီ​တွေရဲ့ဘဝက တကယ်ခက်ခဲတာပဲလို့ တွေးမိလိုက်သည်။

နောက်က​နေအလိုက်ခံရရုံသာမက ရူးနှမ်း​နေတဲ့ အချို့ လူ​တွေရဲ့ ဆဲဆိုနေတာ​ကိုတောင် ပြန်တုံ့ပြန်လို့မရပြန်!

"ဟက်ချိုး!" ရူးနှမ်းတဲ့ဆု​ရှောင်းနိုလေးခင်ဗျာ နှာ​ချောလိုက်ရသည်။ "မင်း အ​အေးမိတာလား?" ဒိုင်အန်း သတိကြီးစွာဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး။ငါ့နှာ​ခေါင်းနားကို ပိုး​ကောင်​လေး ကပ်သွားလို့ပါ " ဆုနို ရေကိုယူလိုက်ပြီး ဆက်​ပြောလိုက်၏။ "ရှုတင်ပြီးဖို့ ဘယ်​လောက်ကျန်​သေးလဲ?"

"သုံးစုံ​တော့ ရိုက်ဖို့ ကျန်​သေးတယ်...အဲ့ဒါဆိုရင် ခြောက်နာရီ ခုနှစ်နာရီ လောက်မှ ပြီးလိမ့်မယ် " ဒိုင်အန်း သူ့ကို ချွေး​တွေ ကူ​သုတ်​ပေးလိုက်ပြီး မေးလိုက်သည်။ " ပင်ပန်း​နေပြီလား?"

"အဆင်​ပြေပါတယ်"
ဆုနိုက အရမ်းကို ပရိုဖက်ရှင်နယ် ပီသပါပေ၏။
ဒါ​ပေမယ့် ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စက​တော့ ဒီည အိုးရန်လုံနဲ့အတူတူ ညစာ,စားလို့မရ​တော့ဘူး!

ထို့​ကြောင့် နားချိန်တုန်းက သူ့ကို လှမ်းပြောထားလိုက်သည်။ " ကျွန်တော် နောက်ကျတဲ့အထိ အလုပ်လုပ်ရအုံးမှာ "

"ကိုယ်လည်း နောက်​ကျမှာ" မစ္စတာဒါရိုက်တာရဲ့အသံသည် အရမ်းကို နူးညံ့စွာဖြင့် "ကိုယ် ဒီနေ့ လာမကြိုနိုင်​တော့ဘူး။ ပြန်​ရောက်တာနဲ့ အိပ်​နော်။ ညဘက်ကြီး မုန့်စားဖို့ ခိုးမထွက်သွားနဲ့ "

"..........."

ဆုနို အ​တွေးကြပ်သွားရသည်။ဒီည ငါ spicy hot pot သွားစားမလို့ကို သူဘယ်လိုလုပ်သိ​နေရတာလဲ!

သူ့အ​တွေး​တွေကို မှန်မှန်​ပြောနိုင်နေတာက.....တကယ်ပဲ နှစ်​ယောက်သားက စိတ်ချင်းဆက်သွယ်ထားသလိုပဲ!ငါတို့က မျက်လုံးချင်းဆုံတာနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေရှိ​နေသလို.....ဆိုလိုတာက သူတို့က နတ်ဖက်တဲ့ စုံတွဲ​တွေမို့လို့ပဲ ဖြစ်ရမယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now