[34.1]

2.2K 460 15
                                    

[Unicode]

အသစ်တစ်ခုကို စမ်းကြည့်ခြင်းနှင့် ဆုတ်ဖြဲခံရခြင်း

အိုးရန်လုံက ဆိုင်အသစ်ဖွင့်ဖို့ မြေ​နေရာ​တွေ ရှာ​နေသည့်ကိစ္စနဲ့ ပတ်သတ်ပြီးတော့ အရမ်းကိုမှ အလုပ်ရှုပ်​နေသည်။ သူ ဒီပ​ရောဂျက် ပြီးတာနဲ့ အိမ်ပြန်မယ်လို့ အစကတွေးထား​သော်လည်း ဝန်ထမ်းတစ်​ယောက်က
PPT(PowerPoint presentation)ကို ကြည့်​စေချင်​နေသော​ကြောင့် အဲ့တာနဲ့တင် နာရီဝက် တိတိကို ကြာသွားလေသည်။

ဆု​ရှောင်းနိုက​တော့ ကားပါကင်တွင် တစ်​ယောက်တည်း ပျင်းရိစွာ စောင့်​နေရသည်။

သူ ဘာလို့ ငါ့ဖုန်း​ကောလ်ရော မက်​ဆေ့ချ်တွေ​ရော စာမပြန်ရတာလဲ?

သူ မတရားခံရသလို ခံစားလိုက်ရ၏။ ပြီး​တော့လည်း  မတရားကို ဆာ​လောင်​နေရပြီ။သူ ကြင်ကြင်နာနာနဲ့ အစားအ​သောက်​တွေကို သူ့အတွက် ယူလာခဲ့​သော်လည်း ရက်ရက်စက်စက် လျစ်လျူရှုခံလိုက်ရတာနဲ့ အဆုံးသတ်သွားရသည်။

သူ တအားကို နစ်နာရတာပဲ!

ဆုနို ဒေါသတကြီးနဲ့ ဘန်တိုဘူး​ကို ဖွင့်လိုက်ပြီး ဗိုက်ပြည့်အောင် စားပြီးမှ အိမ်ကိုပြန်မယ်လို့ အစီအစဉ်ချလိုက်၏။ တစ်စုံတစ်​ယောက်ကို စိတ်ဆိုးဖို့လည်း လုံးဝမ​မေ့​စေရဘူးပေါ့။

ကမ္ဘာပေါ်မှာ အံ့ဩဖွယ်အ​ကောင်းဆုံးက အချစ်ဆိုတာကို ဘယ်​ကောင် ပြောခဲ့တာလဲ?!ပြောတဲ့သူ​တွေက မှန်ကန်မှု လုံးဝမရှိဘူး! အချစ်အစား  ဝက်နံရိုးချိုချဉ်ကြော်​တွေလို့​ပြောတာမှ ပိုမှန်အုံးမယ်!

နံပါတ်တစ် ဝက်နံရိုးတွေက အရသာရှိလို့။
နံပါတ်နှစ်က အစည်းအဝေးတစ်ခုအတွက်နဲ့ မင်းကို ထားခဲ့မှာ မဟုတ်လို့ပဲ!ဒါကမှ အဓိပ္ပါယ်ပိုရှိ​သေး!

နောက်ဆုံးဝန်ထမ်းနဲ့ စကား​ပြောပြီး​တော့ အိုးရန်လုံ မူး​ဝေလာပြီး ဦး​နှောက်တစ်ခုလုံးကလည်း ဖောင်းပွလာသလို ခံစားလိုက်ရသည်။ သူရဲ့အစာအိမ်ကလည်း အနည်းငယ် နာကျင်လာရသည့်မို့ ရုံးခန်းကို အ​ပြေး​လေးသွားကာ ဘီစကစ် နှစ်ချပ်စားလိုက်ပြီး​တော့ အိမ်ပြန်ဖို့ပြင်​ဆင်တော့သည်။ ကားပါကင်ရောက်​တော့ ရင်းနှီးတဲ့ ကား​လေးကို မြင်လိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now