Synopsis

3.6K 158 18
                                    

Unicode

Title- ကွာရှင်းပြီးသွားလည်း ငါမင်းရဲ့ဂျာကင်လေးကိုဆက်ဝတ်နေတုန်းပဲ (After Our Divorce, I Still Wore Your Jacket)

ယွမ်ရယ် နှင့် ရုပ်ရှင်ဘုရင်ကြီး ဖန်းရှောက်ယီတို့မှာ ဆယ်နှစ်ကြာအောင်လက်ထပ်ခဲ့ကြသည်။

ပြည်သူ့ဝန်ကြီးရုံး၌ တံဆိပ်တုံးထုပြီးနောက်တွင်တော့ ကွာရှင်းပြတ်စဲသွားကြပြီး ၎င်းတို့၏ အနီရောင်စာအုပ်ငယ်များမှာအစိမ်းရောင်စာအုပ်ငယ်များဖြစ်လာကြတော့သည်။ သင်းတို့လက်ထပ်ခဲ့ကြစဉ်က ထိုသတင်းအား ကမ္ဘာတစ်ဝန်းလုံးဆီသို့ ဂုဏ်ယူဝံ့ကြွားစွာကြေငြာခဲ့ကြသည်။ ၎င်းတို့၏ကွာရှင်းပြတ်စဲမှုအပြီးတွင်တော့ မည်သူကမှထုတ်မပြောရဲသော် ဤပြောင်းလဲမှုအား ဖုံးကွယ်ထားရန်ဆုံးဖြတ်ခဲ့ကြသည်။

ရုပ်ရှင်ဘုရင်ကြီး Gong(ကုံး) Vs စာရေးဆရာ Shou(ရှို့)
လိုက်ဖက်ညီမှုနဲ့ဆက်စပ်တယ် ၊ companionship နဲ့ဆက်စပ်တယ်။ ခွဲထုတ်လို့မရနိုင်ဘဲ ထုတ်ပြောရန်ခက်ခဲတဲ့ချစ်ခြင်းမေတ္တာတွေ ၊ အဲ့ဒီလိုအကြောင်းအရာတွေနဲ့ ဆက်စပ်တယ်။

စာကြောင်းတစ်ကြောင်းထည်းနဲ့ အတိုချုန်းပြောရလျှင် : ငါတို့က ဆယ့်သုံးနှစ်လောက် ချစ်ကျွမ်းဝင်ခဲ့ကြပြီးတော့ကွာရှင်းလိုက်ကြတယ်။
_______________
Note- တရုတ်တွေမှာ လက်ထပ်ပြီးသွားရင် မှတ်ပုံတင်လိုလက်ဖဝါးတစ်ပျံစာ စာအုပ်အနီရောင်လေးကိုကိုင်ကြရပါတယ်။ကွာရှင်းပြီးရင်တော့ စာအုပ်အစိမ်းရောင်ပြောင်းကိုင်ရပါတယ်။

Your Karin has something to say : hoo~ အရေးအသားကိုပိုပြီး satisfied ဖြစ်စေမယ့်ပုံစံနဲ့ workတစ်ခုလောက်ထားချင်တာနဲ့ ဒါလေးကို pickဖြစ်သွားတယ် ၊ pickဖြစ်သွားတဲ့အကြောင်းအရင်းကတော့ နာမည်လေးကနေစတယ် Titleမြင်တာနဲ့ဒါဟာ ရင်နင့်ရမယ့်angstပဲဆိုပြီး မအိပ်မနေထိုင်ဖတ်ပါလေရော ၊ ဒါဟာလုံးဝငါ့type ငါ့typeဆိုပြီးကိုဖြစ်သွားတာ အပေါ်မှာပါတဲ့အတိုင်းပဲ ကွာရှင်းပြီး ဆက်ဖြစ်မယ့် အချစ်ဇာတ်လမ်းလေးပါ ၊ နှစ်တွေအကြာကြီးအထိ ဒီအချစ်ကခိုင်မြဲရဲ့လား? နောက်ပြီး သွက်လက်ပေါ့ပါးတဲ့ လူငယ်အချစ်ဝတ္ထုတွေလို မဟုတ်ဘဲ အချစ်ကိုmatureဖြစ်ပြီးတဲ့ရှုထောင့်ကနေ ဖတ်ရမယ့်ဇာတ်လမ်းလေးပါ ၊ အဲ့လိုပြောလို့ အဆုံးသတ်မကောင်းမှာစိတ်မပူပါနဲ့ Karinက SEလုံးဝမကိုင်ပါဘူး ဒါကြောင့်စိတ်ချလို့ရပါတယ် ၊ ယွမ်ရယ်က Karinရင်နဲ့အမျှမြတ်နိုးရတဲ့ shouတွေထဲတစ်ယောက်အပါအဝင်တောင်ဖြစ်သွားပါပြီ ၊ နောက်ပြီး companionshipလေးကို နည်းနည်းလောက်ရှင်းပြမယ် ဘာသာပြန်လိုက်ရင် စကားလုံးတစ်လုံးထဲနဲ့ ဘယ်လိုမှမလုံလောက်ဘူးလို့ခံစားရလို့ English လိုပဲရေးလိုက်တာပါတိုတိုတုတ်တုတ်ပြောရရင် အပေါင်းအဖော်သံယောဇဉ်ပေါ့ Relationshipက သမီးရည်းစားဆက်ဆံရေးဆိုရင် Companionship ကတော့နည်းနည်းကွဲတယ် လူဆိုတာအပေါင်းအသင်းနဲ့နေရတာ ဆိုတဲ့စကားကိုကြားဖူးတယ်ဟုတ်? Companionshipကလည်းအဲ့လိုပဲ အချစ်တော့အချစ်ပဲ သမီးရည်းစားတွေတင်မကဘူး ဘဝမှာ ကိုယ်နဲ့အတူအချိန်ဖြုန်းတဲ့သူတွေ အေးအတူပူအမျှဝေမျှတဲ့ရောင်းရင်းတွေ ၊ သွေးသောက်တွေကြားမှာလည်း အဲ့ဝေါဟာရကိုသုံးလို့ရတယ် ၊ Companionshipအတွက် လက်ထပ်တာမျိုးကျတော့ ချစ်လို့ဆိုတာထက် တစ်ကိုယ်တည်းမနေချင်လို့ တွဲဖက်ရှာယူတာမျိုးပေါ့ ၊ ဒီအတိုင်းနေရင်း ချစ်ရမယ့်သူမတွေ့လို့ ကြင်ဖက်တွေ့ကြတာတွေကလည်း companionshipတစ်ခုတည်ဆောက်ချင်လို့ အချစ်ကတော့နောက်မှသာကပ်ပါလာတာ အတူနေကြည့်ပြီးမှချစ်သွားကြတာမျိုးတွေ ၊ အထီးမကျန်ချင်လို့လက်ထပ်တဲ့ဆက်ဆံရေးတွေကလည်း companionshipပါပဲ ၊ ဒီလောက်ဆိုရင်တော့ companionship ကဘာလဲဆိုတာ နားလည်လောက်မယ်ထင်ပါတယ် ၊ နားမလည်တာရှိရင် Karinကိုမေးလို့ရပါတယ်>< ၊ ဇာတ်လမ်းလေးကrealistic ဖြစ်လွန်းတဲ့အပြင် အချစ်ကိုပုံစံတစ်မျိုးနဲ့လေ့လာနိုင်ပြီး သင်ယူစရာတွေအများကြီးဆောင်ကြဉ်းပေးတဲ့ တကယ့်အဖိုးတန်လေးမလို့ ဒီnovelလေးကို အများကြီးချစ်ပေးကြပါဦး♡︎ FOGကတော့ ပထမဦးစားပေးမလို့ ဒါလေးကိုတော့ FOGမတင်ဖြစ်တဲ့ရက်တွေမှာ တင်ပေးဖို့ကြိုးစားကြည့်ပါမယ်။
_____________________

《ကွာရှင်းပြီးသွားလည်း ငါမင်းရဲ့ဂျာကင်လေးကိုဆက်ဝတ်နေတုန်းပဲ》Where stories live. Discover now