Chapter 1

917 79 7
                                    

Unicode

ယွမ်ရယ်သည် သူ့ရဲ့သွားကြားတွင် စီးကရက်တစ်လိပ်အားကိုက်ခဲထားသည်။ သူက အဝေးပြေးလမ်းမကြီးရဲ့ဘေးဘက်အရေးပေါ်ယဉ်လမ်းကျဉ်း၌ ဆောင့်ကြောင့်ထိုင်နေ၏။ သူ့ဖုန်းကိုသူကြည့်ရင်း ဆေးလိပ်ငွေ့များကြောင့် မျက်လုံးများမှေးစင်းသွားလျက်။ ဖုန်းထဲတွင်တော့ variety show တစ်ခုမှဒါရိုက်တာငယ်လေးက သူ့အားစာပို့နေခြင်းဖြစ်သည်။ တစ်ဖက်လူက programရဲ့ခြုံငုံသုံးသပ်ချက်များနှင့် ယင်းprogramတွင်ပါဝင်သည့်အကြောင်းအရာများအကြောင်း အသေးစိတ်ပို့ထားပေးသည်။

တစ်ဖက်လူ၏အပြီးမသတ်နိုင်သောmessageတွေကို ဖြတ်ချရန်အလို့ငှာ သူပြန်စာအားရိုက်ပို့လိုက်လေသည်။ : 'ခဏလောက်စောင့်ပါအုံး'

အခြားတစ်ဖက်မှ ဒါရိုက်တာငယ်လေး : 'ဘာဖြစ်လို့လဲယွမ်လောင်ရှီး?'

ယွမ်ရယ် : 'ငါ့ကိုဆက်သွယ်ဖို့ဘယ်သူပြောတာလဲ ၊ ကန်းကျင့်ဝေက မင်းတို့နဲ့စာချုပ်မဖျက်ခဲ့ဘူးလား?'

ဒါရိုက်တာငယ်လေး : '......ယွမ်လောင်ရှီး အစ်ကိုဆိုလိုချင်တာကို ကျွန်တော်နားမလည်ဘူး'

ယွမ်ရယ် : 'ဖန်းရှောက်ယိက ဒီshowကိုလာဖို့လုပ်နေတုန်းပဲလား ၊ မင်းတို့တွေ သူနဲ့အတည်ပြုပြီးပြီလား?'

တစ်ဖက်လူမှာ သူ့ရဲ့မေးခွန်းတွေကြောင့် ချက်ချင်းဆိုသလိုပင် စိတ်ရှုပ်လာရသည်။

သူတို့ခမျာ ပြန်တုံ့ပြန်ဝံ့မှာတောင်မဟုတ် ၊ သူတို့ရဲ့ bossဆီသို့ အပြေးအလွှားသွား၍မေးနေလောက်သည်။

ယွမ်ရယ် သူ့ရဲ့ဖုန်းကိုပိုပြီးတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ကာ မျက်ခုံးတွန့်လိုက်၏။ စီးကရက်ပြာများက သူ့ဘောင်းဘီပေါ်သို့ကျလာရာ ၎င်းပြာများကို ခေါင်းငုံ့ကာမှုတ်ထုတ်လိုက်ပြီးနောက် အကြွင်းအကျန်များကို လက်ဖြင့်ခါချလိုက်သည်။

သူသည် ဤshowအတွက် လွန်ခဲ့သောတစ်နှစ်ကျော်က စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ပေသည်။ ထိုအချိန်က သူနဲ့ဖန်းရှောက်ယိ CPအနေဖြင့်အတူတကွစာချုပ်ချုပ်ခဲ့ကြသည် ၊ အတွဲလိုက်ပါဝင်မှုပေါ့။ ယင်းမှာ စုံတွဲများအတွက် ခရီးသွားreality showတစ်ခုဖြစ်၏။ ထိုအချိန်မှစ၍ အချိန်တွေကြာမြင့်ခဲ့ပြီးဖြစ်တာကြောင့် ၎င်းprogramအကြောင်းကို သူနည်းနည်းလေးမှမတွေးခဲ့မိပေ။ ဖန်းရှောက်ယိဟာ variety showများသွားရသည်ကို ဘယ်သောအခါမှနှစ်ခြိုက်ခဲ့ခြင်းမရှိ။ သည်တစ်ခုမှာလည်း စိတ်မပါလက်မပါစာချုပ်ချုပ်ထားခြင်းသာဖြစ်ရာ၏။ သူ အဲ့showကနေထွက်လိုက်သည်မှာကြာလေပြီဟု ယွမ်ရယ်ကယူဆထားခဲ့သည်။ ဤဒါရိုက်တာငယ်လေး၏ messageများကိုလက်ခံရရှိချိန်တွင်တော့ ဒီအခြေအနေအပေါ် သူ့ရဲ့စိတ်တွေကိုယာယီမချုပ်တည်းနိုင်ခဲ့ချေ။

《ကွာရှင်းပြီးသွားလည်း ငါမင်းရဲ့ဂျာကင်လေးကိုဆက်ဝတ်နေတုန်းပဲ》Where stories live. Discover now