Chapter 3

578 62 6
                                    

Unicode

အိမ်နောက်ဖေးရှိ မြေကွက်ငယ်တွင် မြက်ပင်များက အလွန်ရှည်လျားနေပြီဖြစ်သည်။ သည်နေရာမှာသူ မနေသည့်အခါ မြက်ရိတ်ပေးမည့်သူလည်း တစ်ယောက်မှမရှိတော့ပေ။ ရေကူးကန်သည်လည်း အခွံလွတ်ကြီးဖြစ်နေပြီး အနည်းငယ်ခြောက်သွေ့ကာ ညစ်ထေးနေ၏။

အိမ်အတွင်းထဲမှာ ဘယ်သူမှမရှိ။ ပရိဘောဂများကတော့ သူထွက်သွားသည့်အချိန်တုန်းကနှင့် တစ်ပုံစံတည်းကျန်ရှိနေသေးသည်။ ဘာတစ်ခုမှကို ခြားနားသွားခြင်းမရှိပါချေ။ ယွမ်ရယ် အိမ်ထဲကို လည်ပတ်ကြည့်ပတ်ရှုဖို့ အချိန်အတန်အကြာမယူခဲ့ဘူး။ သူ့ပစ္စည်းပစ္စယများကို ထုတ်ပိုးပြီးသည်နှင့် မြက်ခင်းပြင်ပေါ်တွင် တခဏတာလောက်ထိုင်ချလိုက်သည်။ ဓာတ်ပုံတစ်ချို့ရိုက်ယူပြီးတဲ့နောက်မှာတော့ ထွက်ခွာလာလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်ကားသူ၏အိမ်မဟုတ်တော့သဖြင့် အိမ်ပိုင်ရှင်ကိုကြိုအကြောင်းကြားထားခြင်းမရှိဘဲ ပစ္စည်းများလာသယ်ခြင်းကပင် အတော်လေးရိုင်းပြနေပြီးသားဖြစ်သည်လေ။

သူသာ အိမ်ပိုင်ရှင်ကဲ့သို့ပြုမူပြီး အိမ်အတွင်းလျှောက်သွားကာ ပစ္စည်းများအားထိမည်ဆိုလျှင် ခွင့်မလွှတ်နိုင်ဖွယ် အပြုအမူဖြစ်သွားလိမ့်မည်။ ကောင်းသောလမ်းခွဲခြင်းနှင့်လမ်းခွဲခဲ့တာကတစ်ကဏ္ဍသပ်သပ် ၊ တစ်ဖက်လူကိုတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးရန်ကျိန်းသေလိုအပ်ပေသည်။ သူတို့နှစ်ယောက်ထဲက ဘယ်တစ်ယောက်ကမှ အတိတ်မှာကျန်ရှိနေသေးသလိုမျိုး မပြုမူသင့်ပေ။ ထိုသို့ဆိုပါက နှစ်ဖက်စလုံးအတွက် ကသိကအောက်ဖြစ်မည်သာ။

သူ ထိုအိမ်ကထွက်လာခဲ့ပြီးတဲ့နောက်မှာ ကျိရှောင်ထောင်းဆီစာတစ်စောင်လောက်ပို့ရန် ဆုံးဖြတ်လိုက်သည် : [ ရှောင်ထောင်း ၊ ငါ အရှေ့ခရိုင်ကအိမ်မှာ တချို့ပစ္စည်းတွေ ပြန်သွားလာယူသွားတယ်လို့ ၊ ပြီးရင် အဲ့အကြောင်းကို မင်းအစ်ကိုကိုပြောပေးပါဦး]

ကျိယန်ဟန်က သေချာပေါက်အလုပ်များနေတတ်တာကြောင့် ချက်ချင်းအဖြေပြန်ရောက်မလာခဲ့ပါ။ ညနေစောင်းမှသာ တစ်ဖက်လူရဲ့ တုန့်ပြန်ချက်ကိုရရှိလေ၏ : [ ဟုတ်ကဲ့ ရယ်ကော ၊ ကိစ္စမရှိပါဘူး]

《ကွာရှင်းပြီးသွားလည်း ငါမင်းရဲ့ဂျာကင်လေးကိုဆက်ဝတ်နေတုန်းပဲ》Where stories live. Discover now