Zawgyi
အမချယ်ယောင်းရဲ့ သတင်းကို
စုံစမ်းကြည့်ပေမယ့် ဆေးရုံက ဆင်းသွားထဲက
အစအနပျောက်သွားတာကြောင့်
ဘယ်ကို လိုက်ရှာရမှန်း မသိဖြစ်ခဲ့တယ်။ထယ်ကတော့ ကျွန်တော်ကြောင့် မဟုတ်ဘူးလို့
ပြောပေမယ့် ကျွန်တော်ကတော့ တောင်းပန်ချင်သည်။
ကျွန်တော့်ကို ရွေးချယ်ခဲ့မှတော့
ကျွန်တော့်ကြောင့်ပဲပေါ့။ကျွန်တော်သာ သိခဲ့မယ်ဆိုရင်
ကျွန်တော်ချစ်နေပေမယ့် လက်ခံခဲ့မှာ
မဟုတ်ဘူးဆိုတဲ့အကြောင်းလေး ပြောပြချင်သည်။
နောက်ပြန်လှည့်လို့ မရနိုင်တော့တဲ့အတွက်
ပြန်ပြင်လို့ မရနိုင်တော့မယ့်အတူ
ဆွဲထားပြီးသားဖြစ်နေတဲ့ ထယ့်လက်ကို
လွှတ်ချလိုက်လို့လဲ ထူးလာမှာမှ မဟုတ်တာ။ဒါကြောင့် သေချာပေါက်
တောင်းပန်ချင်ပါသည်။
ဒီလိုမှမဟုတ်ရင် ကျွန်တော် ဖြေနိုင်မှာမဟုတ်ဘူး။ဒီရက်တွေထဲ ထယ့်ကို မရှောင်မိဖို့
ကြိုးစားပေမယ့် မျက်လုံးထဲမြင်လာတဲ့
ကလေးမလေးရဲ့ ပုံရိပ်ကြောင့်
လူက အလိုလို တွန့်ဆုတ်နေတတ်တာ။
ဒီစိတ်ကြီးနဲ့ပဲ လူက အသက်ရှူနေရတာကို
လိပ်ပြာမလုံ ဖြစ်နေသည်။"ဂျောင်ကု ဘာတွေတွေးနေတာလဲ"
"အမချယ်ယောင်းအကြောင်းပါ
ထယ်ကော စုံစမ်းလို့ရလား""အင်း ကိုယ်လည်း လက်လှမ်းမှီသလောက်
စုံစမ်းထားပေမယ့် လောလောဆယ်တော့
ဘာသတင်းမှ မထူးသေးဘူး''အားရစရာမရှိတဲ့ စကားကြောင့်
ဂျောင်ကု သက်ပြင်းသာချပြီး
အရှေ့ကိုသာ ပြန်ငေးကြည့်နေလိုက်သည်။ရုတ်တရက် သူ့လက်ကို လှမ်းကိုင်တဲ့
ထယ့်ကြောင့် လက်ကို ရုန်းမိသွားတယ်။ဂျောင်ကုရဲ့ တုံ့ပြန်မှုကြောင့်
ထယ်ယောင်း မျက်နှာပျက်သွားသည်။"ဂျောင်ကုရယ် ဘာလို့ကိုယ့်ကို
အဲ့လောက်ရှောင်နေရတာလဲကွာ
မင်းရဲ့ တုံ့ပြန်ချက်တွေတိုင်းက
ကိုယ့်အသဲကို ဓားနဲ့မွှန်းနေသလိုပဲ
အဲဒါ သိရဲ့လား...""ကျွန်တော် တောင်းပန်ပါတယ်"
"ဒီကိစ္စမှာ မင်းနဲ့ ဘာမှမဆိုင်ဘူးလို့
ပြောထားရက်နဲ့ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို
အပြစ်တင်နေရတာလဲကွာ
ကိုယ့်ကို ယုတ်မာတယ်ပဲပြောပြော
ကိုယ်ကတော့ နောင်တမရဘူး"