Zawgyi
တည့်တည့်မတ်မတ် လျှောက်လာတဲ့
ခြေထောက်တွေက ကျောခိုင်းရပ်နေတဲ့
လူတစ်ယောက်ရဲ့ ၁၀ပေအကွာလောက်မှာ
ရပ်တန့်ခဲ့သည်။ဒီလူ...
ဒီလူက ကျွန်တော် သိပ်တွေ့ချင်နေတဲ့ ထယ်။ဖြေးဖြေးချင်း လှည့်လာတဲ့ ထယ်က
နှုတ်ခမ်းထပ်မှာ အခန့်ညားဆုံးအပြုံးတစ်ပွင့်ကို
ဆင်မြန်းပြီး လက်ထဲမှာလည်း
အဖြူရောင် နှင်းဆီပန်းစည်းနှင့်။တစ်လှမ်းချင်း လှမ်းလာသည့် ထယ့်ခြေလှမ်းတွေတိုင်းမှာ
တစ်ဆ မြင့်တက်လာတဲ့ နှလုံးခုန်နှုန်းတွေကြောင့်
ရင်ဘတ်ကြီးတောင် ပေါက်ထွက်မယောင်။ပတ်ဝန်းကျင်ဆိုတာကိုတောင် မေ့နေခဲ့ရင်း
ကျွန်တော်နဲ့ထယ် နှစ်ယောက်တည်းသာ ရှိနေခဲ့သလို။ရောပြွန်နေတဲ့ ခံစားချက်ပေါင်းစုံကြောင့်
ကျလာသည့် မျက်ရည်တွေက အလုအယက်ယုယုယယ ဖယ်ရှားပေးတဲ့ ထယ့်လက်ဖျားတွေက
ရာသီဥတုကြောင့်ပဲလား
ထယ် ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေလို့ပဲလား
အေးစက်နေသည်။ခုချိန်ထိ ထယ့်ကိုသာ
မမှိတ်မသုန် ကြည့်နေမိရင်း
နွေးထွေးသွားရသည့် နဖူးပြင်လေးက
ထယ့် နှုတ်ခမ်းဖျားက
ကြင်ကြင်နာနာ ခြွေချလာသည့် အနမ်းကြောင့်။လိုက်မမှီနိုင်တဲ့ ပြောင်းလဲမှုတွေကြား
အိမ်မက်ယောင်နေသူပမာ ငူငူကြီး ရပ်နေမိတုန်း။"မနေ့က နှင်းဆီပန်းအရောင်နဲ့ပတ်သတ်ပြီး
ကိုယ်ရှာကြည့်တော့ နှင်းဆီဖြူရဲ့ အဓိပ္ပါယ်က
အချစ်မှာဆို အချစ်သစ် ပြန်လည်စတင်ခြင်းတဲ့
များသောအားဖြင့် မင်္ဂလာဆောင်တွေမှာသာ
သုံးတယ်ဆိုပေမယ့် ကိုယ်ကတော့
မင်းနဲ့ပတ်သတ်ပြီး အရာရာအသစ်က ပြန်စချင်တယ်
မကောင်းခဲ့တဲ့ အတိတ်တွေကိုမေ့ပစ်ပြီး
ကိုယ့်ကို အခွင့်အရေးတခါလောက် ပေးနိုင်မလား
ကိုယ်မင်းကို သိပ်ချစ်နေမိပြီ ဂျောင်ကု ~~
ကိုယ့်ကို ပြန်လက်ခံပေးနိုင်မလား""အင့် အီးဟီးး ဟင့်"
မင်းကို သိပ်ချစ်နေမိပြီတဲ့လား...