Zawgyi
ပူးတွဲဆုပ်ကိုင်ထားတဲ့ လက်ဆီကနေ
လှုပ်ရှားမှုအနည်းငယ်ကြောင့် ခုတင်စောင်းပေါ်
ခေါင်းတင်ပြီးမှေးနေတဲ့ ထယ်ယောင်း နိုးလာသည်။ဂျောင်ကု သတိရလာပြီအမှတ်နဲ့ ဝမ်းသာအားရ
ကြည့်မိပေမယ့် ချွေးလေး နည်းနည်း စို့နေတာကလွဲရင်
အိပ်ပျော်နေစဲပါပဲ။ရေစိုဝတ်နဲ့ ချွေးတွေကို သုတ်ပေးရင်း နဖူးပေါ် ခပ်ဖွဖွနမ်းမိသည်။
လည်ပင်းနားကိုပါ သုတ်ပေးမိတော့
ညိုမဲနေတဲ့ အရာကြီးကိုမြင်တော့
မျက်ရည်တွေက အတားအဆီးမရှိ ကျလာပြန်သည်။"တောင်းပန်ပါတယ်~~ကိုယ့်အပြစ်တွေပါ"
ဂျောင်ကု သတိရလာရင် ဘယ်လိုပုံစံနဲ့ မျက်နှာပြရပါ့မလဲ။
ဘာပဲဖြစ်ဖြစ် မင်းကျေနပ်တဲ့အထိတောင်းပန်ပြီး
မင်းပေးမယ့် အပြစ်တွေလည်း ခံယူမှာမို့အမြန်ဆုံး
သတိရလာပေးပါတော့။"ထယ်ယောင်း"
ကျွန်တော့်အသံကြောင့် ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့
နမ်ဂျွန်းနိုးသွားသည်ထင်သည်။"နိုးသွားတာလား sorry ငါ...ငါ"
ဂျောင်ကုဒီလိုဖြစ်ရတာက ထယ်ယောင်းကြောင့်သာမို့
အကိုတစ်ယောက်အနေနဲ့ တော်တော်ကို ဒေါသထွက်ပေမယ့်
ထယ်ယောင်းရဲ့ ခုလိုပုံစံကို မြင်ရပြန်တော့လည်း
သူငယ်ချင်းတစ်ယောက်အနေနဲ့ စိတ်မကောင်းမိပြန်ဘူး။သူ့ကြောင့် ဂျောင်ကုဒီလိုဖြစ်ရတာပါဆိုပြီး
ခုလည်း တစ်ယောက်ထဲ ကြိတ်ငိုနေပုံပါပဲ။လက်ပတ်နာရီမှ အချိန်ကိုကြည့်မိတော့
မနက်လေးနာရီသာ ရှိသေးသည်။
ဒါပေမယ့် ထယ်ယောင်းမှာလည်း အလုပ်ရှိသေးသလို
နေမကောင်းတဲ့ အမေကလည်း ရှိနေသေးတာမို့
ပြန်ခိုင်းရမည်။"မင်းပြန်ချင်ပြန်တော့လေ ငါလည်းနိုးနေပြီ "
"ရတယ် ငါ ဂျောင်ကုသတိရတဲ့အထိ စောင့်ကြည်ချင်တယ်"
"မင်းမနေ့ကထဲက ဒီရောက်နေတာမလား
အလုပ်ကမသွားလဲဖြစ်တယ်ပဲထား
အိမ်ကမင်းအမေက နေမကောင်းဘူးမလား
ပြန်လိုက်အုံး ဂျောင်ကုသတိရလာရင်
ငါဖုန်းလှမ်းဆက်လိုက်မယ်"