Part 7

7K 572 70
                                    

Unicode Version

မိုးပြာရောင်ထီးလေးကို ကိုယ့်ခေါင်းပေါ်မှာ မိုးပေးထားတဲ့ ချာတိတ်ဟာ စကားလုံးတွေနဲ့ ကိုယ့်ကို ထိုးစစ်ဆင်နေပြန်ပါပြီ ။
မိုးတိတ်မှ ကျွန်မမြင်ကွင်းထဲ ရုတ်တရက်ပေါ်လာတဲ့ ချာတိတ်ကို ဘယ်လိုအပြစ်ဒဏ်မျိုးပေးသင့်ပါသလဲနော် ။

" ဘာလို့ အခုမှရောက်လာတာလဲ "

ကိုယ့်မျက်စိရှေ့တည့်တည့်မှာ ထိုင်နေတဲ့ ဆူးပုတ်အရွက်ပမာ ဆူပုတ်ပုတ်မျက်နှာအနေအထားနဲ့ စကားကို ဘုဆတ်ဆတ်ပြောလာတဲ့ မမကို ကြည့်ပြီး ရယ်မောရပြန်တယ် ။
တကယ်တော့မမ မသိခဲ့တာက သူဆေးရုံထဲကထွက်လာကတည်းက ကိုယ်က အဝေးတစ်နေကနေ သူ့ကို ချောင်းကြည့်နေခဲ့တယ်ဆိုတာပါပဲ ။

ဟုတ်တယ် တကယ်တော့ မမစောင့်မျှော်နေတဲ့သူဟာ ကိုယ်မဖြစ်ခဲ့မှာစိုးလို့ လှမ်းလာချင်တဲ့ ခြေလှမ်းတွေကို အကြိမ်ကြိမ်အဖန်ဖန် စဥ်းစားသုံးသပ်ပြီးကာမှ လှမ်းလာခဲ့ရတာလေ ။
သူပဲနှင်ထုတ်ခဲ့ပြီး ဘာလို့အခုမှ ရောက်လာတာလဲဆိုတဲ့ မေးခွန်းမေးတဲ့ မမဟာ သူပြောတဲ့စကားကို သူမေ့သွားလောက်တဲ့အထိ တကယ်ပဲ အတိတ်မေ့သွားခဲ့တာလား ကိုယ်မပြောတတ်တော့ ။

" ဘာလို့ ချာတိတ်ကို စောင့်နေတာလဲ "

ကိုယ့်ကိုမေးခွန်းထုတ်တဲ့ မမကို မေးလေးတငေါ့ငေါ့နဲ့ မေးခွန်းပြန်ထုတ်တော့ ပြန်တော့ဖြေရှာပါတယ် လွှဲလိုက်တဲ့အကြည့်တွေရယ် ကိုက်ခဲထားတဲ့ နှုတ်ခမ်းတစ်စုံရယ်နဲ့ပေါ့ ။

" မင်းကို မစောင့်ပါဘူးနော်
မိုးတိတ်မယ့် အချိန်ကိုသာ စောင့်နေတာ "

" အခု မိုးလည်းတိတ်သလို
ချာတိတ်လည်း ရောက်လာပြီလေ
ကဲပါ အဲ့လိုကြီးထိုင်မနေနဲ့
လာပါ လိုက်ပို့ပေးမယ် "

ချာတိတ်က တကယ့်ကို လက်ရဲဇာတ်ရဲပါ ခုလည်းကြည့် နည်းနည်းလေးသူ့ကို အခွင့်အရေးပေးလိုက်သလို ဖြစ်သွားတာနဲ့ ကျွန်မရဲ့ လက်ကို အတင်းဆွဲပြီး အဲ့နေရာကနေ ဆောင့်အောင့်ပြီးခေါ်လာခဲ့တာ ကျွန်မ လမ်းပေါ်မှာ တရွတ်တိုက်လေးမပါသွားတာတောင်ကံကောင်း ။
တော်တော်ကြမ်းတဲ့ချာတိတ် ။

Bad Guy For Love ( Completed ) Where stories live. Discover now