Part 32

6.7K 490 130
                                    

Unicode Version

အောင်စာရင်းထွက်တဲ့အချိန်မှာတော့
မောင်ကထပ်မစနောက်ရဲတော့ပါဘူး
ဒါကြောင့်အောင်တယ်လို့ပဲအမှန်အတိုင်း
စစချင်းမှာပဲမောင်ကဖွင့်ပြောလာတယ်
ထပ်လာစနောက်လို့လည်းမရတော့ဘူးလေ
အောင်စာရင်းနဲ့ပက်သက်ပြီးနောက်တစ်ခါ
ထပ်လာစနောက်ရင်ကြွေပန်းကန်နေရာမှာ
အစားထိုးဝင်ရောက်လာမှာကငရုတ်ကျည်သာ
ဖြစ်လေတယ်။ငရုတ်ကျည်ပွေ့နဲ့ဆိုလို့ကတော့
မောင်အတိတ်တောင်မေ့သွားမလားမပြောတတ်။

မောင့်အတွက် အဖော်ရအောင်လို့ဆိုပြီး
ကလေးတစ်ယောက်လောက်မွေးပေးမလို့
ကိုယ်ဝန်လေး လွယ်ပေးလိုက်မိပါတယ်
မွေးခါနီးဗိုက်တွေအောင့်လိုက်တာဆိုတာ
နောက်ဆိုမောင့်ကိုပဲမွေးခိုင်းချင်တော့တယ်
ထွက်လာတော့လည်းကလေးကတစ်ယောက်
မဟုတ်ပဲအမွှာဘူးလေးနှစ်ယောက်ဖြစ်နေတော့
မောင်ကပိုလို့ပင်ကျွန်မထက်ပျော်နေသေးတယ်။

ကျွန်မလည်း အများကြီးပျော်ပါတယ်လေ
အခုလိုသမီးလေးနှစ်ယောက်တစ်ပြိုင်နက်တည်း
မွေးလိုက်တော့လည်းနှစ်ယောက်ရဖို့အတွက်
နောက်တစ်ခေါက်ထပ်မွေးစရာမလိုတော့ဘူးပေါ့။

ကလေးမွေးထားရတော့အရင်တုန်းကလို
အိမ်မှုကိစ္စတွေမလုပ်နိုင်တော့ပေမယ့်
မောင်ကတော့ ဝိုင်းလုပ်ပေးရှာပါတယ်
အလုပ်ကတော့ မီးဖွားခွင့်ယူထားရတာပေါ့။

ကလေးသာ နှစ်ယောက်ရလာပေမယ့်
မောင်ကတော့ ခုချိန်ထိကလေးဆန်တုန်းပါပဲ။
ဟုတ်တယ် အခုလည်းကြည့် !
ညအိပ်ယာဝင်ခါနီးမှာ မောင်ကဖောက်ပြန်ပြီ။
သမီးလေးနှစ်ယောက်ကို အမြဲတမ်းလိုလို
ကိုယ်တွေကြားမှာပဲ ထည့်သိပ်ထားလို့တဲ့။

" မမ သမီးလေးနှစ်ယောက်ကို
ဟိုဘက်ခဏလောက်ပို့ထားလိုက်ပါလား
မမနဲ့မောင်ဖက်မအိပ်ရတာလည်း
တော်တော်ကြာနေပြီ မဟုတ်လား
ဖက်မယ်ကြံလိုက်တိုင်းဒီကလေးတွေက
အမြဲတမ်းကြားခံနေတော့အခက်တွေ့နေလို့ "

" အခက်တွေ့ရင်လည်းမဖက်နဲ့ပေါ့မောင်ရယ်
မောင်ကအရမ်းဂျီကျတာပဲ ကလေးမွေးပေး
ဆိုလို့လည်းမွေးပေးရသေးတယ် အခုတော့
လည်း ကလေးကိုဟိုဘက်မှာထားပေးတဲ့ "

Bad Guy For Love ( Completed ) Donde viven las historias. Descúbrelo ahora