Part 23

4.6K 459 77
                                    

Unicode Version

DG က သူ့ကိုလက်ထပ်မယ်ဆိုအမှုကိုချက်ချင်း
ရုတ်သိမ်းပေးပါမယ်တဲ့ ပြီးတော့
ကျွန်မဘဝတစ်ခုလုံးကိုသူပိုင်ချင်တယ်တဲ့လေ ။

ဒါကြောင့်မျက်ရည်တွေအချစ်တွေကိုစတေးကာ
နှစ်ဦးသဘောတူချက်ရယူပြီးတဲ့နောက်မှာတော့ 
မောင့်မျက်နှာနုနုထွတ်လေးကိုနောက်ဆုံးအနေနဲ့ 
မျက်လုံးထဲတစ်ဝကြီးမြင်တွေ့ချင်သေးတာကြောင့်
မျက်ရည်စတွေချုပ်တည်းလို့ ခပ်ပြုံးပြုံးလေးဖြင့် မောင်ရှိတဲ့နေရာလေးကို ထွက်လာခဲ့မိလိုက်တယ် ။

ကျွန်မကိုမြင်လိုက်တာနဲ့သံတိုင်ကြားထဲကနေ
လက်ဝှေ့ရမ်းကာပြနေတဲ့ ချစ်ရသူမောင်ဟာ
ကျွန်မနဲ့မတူသော အပြုံးတစ်ခုကိုတော့  
နှုတ်ခမ်းထက်ဝယ်ပန်ဆင်ထားလေတယ် ။

ကျွန်မကိုမြင်မြင်ချင်း မောင်လှမ်းပြုံးပြနေတဲ့
သွားလေးအနည်းငယ်ပေါ်လာရုံမျှအပြုံးကလေ
ဘယ်အချိန်ပဲဖြစ်ဖြစ် ဘယ်နေရာမှာပဲဖြစ်ဖြစ်
အရမ်းကို နူးညံ့ညင်သာသိမ်မွေ့လွန်းတယ် ။
မျက်ဝန်းအကြည့်တွေကအစ နွေးထွေးလွန်းတယ် ။

" မျက်နှာကြီးချောင်ကျသွားလိုက်တာမောင်ရယ်
  နေရာကောင်းရဲ့လားဟင် တို့အရမ်းစိတ်ပူတယ်
  ဒီထဲမှာနေရတာ လုံးဝအဆင်မပြေဘူးမလား 
  တို့ကိုမလိမ်ပါနဲ့ အမှန်အတိုင်းပြောပြပါနော် "

ဝဲလျှံတက်လာတဲ့မျက်ဝန်းထဲကမျက်ရည်စတွေကို
ပါးပြင်ထက်ကျမလာနိုင်အောင်ချုပ်တည်းရင်း 
လီဆာ့မျက်နှာအနားသတ်တစ်ဝိုက်ပေါ်ကိုလည်း  
လက်ချောင်းထိပ်လေးတွေနဲ့နူးညံ့ညင်သာစွာ
ထိတွေ့ပွတ်သပ်လို့ နှုတ်ကနေထွက်ပေါ်လာတဲ့
စကားသံသဲ့သဲ့လေးမှာလည်း စိုးရိမ်မှုအပြည့်နဲ့ ။

" မောင်အဆင်ပြေပါတယ်မမရဲ့ 
  မမကသာ စိုးရိမ်မှုလွန်ကဲနေတာပါ
  မောင့်ကိုစိတ်မပူပါနဲ့ မောင်ကဘာမှမဖြစ်ဘူး
  မမပဲနေကောင်းအောင်နေပေးပါနော် "

သူ့စကားအဆုံးမှာတော့ ပြုံးမြဲသာပြုံးချိုနေတဲ့
မောင်ဟာ သူ့ပါးတွေကိုကြားညှပ််ထည့်ထားတဲ့ 
ကျွန်မရဲ့လက်ဖဝါးတွေကို သူ့လက်ဖဝါးတွေနဲ့
အုပ်မိုးပေးလိုက်တဲ့ပြင် မျက်လုံးလေးတွေစင်းလို့
လက်ဖဝါးရဲ့အထိအတွေ့မှာ ပျော်ဝင်နေတဲ့ပုံလေး။

မောင်ရဲ့ထိုနွေးထွေးလွန်းတဲ့လက်တစ်စုံဟာ
မျက်ဝန်းထဲက မျက်ရည်တွေကိုပါးပြင်ထက်
လျှံကျလာစေနိုင်တဲ့ လက်နက်တစ်ခုလိုပါပဲ ။

Bad Guy For Love ( Completed ) Where stories live. Discover now