[35.1]

2.4K 431 4
                                    

[Unicode]

အင်းဆက်ဖမ်းခြင်းနှင့် အတူတကွ လုပ်​ဆောင်ခြင်း

ကျုံးလီဖုန်းပိုင် ရေချိုးပြီး​နောက် ရေချိုးခန်းကို ပြန်ပြီး သန့်ရှင်းရေးလုပ်​နေတုန်း သူ စိုးရိမ်​ကြောင့်ကြ​နေရသည်။

အစက မုချိုးရဲ့အိမ်မှာ ညစာလိုက်စားဖို့သာ သ​ဘောတူထားခဲ့​သော်လည်း သူအပြင်ထွက်မည့် အချိန်မှာပဲ တံခါးကိုဖွင့်လိုက်​တော့ ကြီးမားတဲ့ ခွေးကြီးနှစ်​ကောင်ကို တွေ့လိုက်ရသည်။ သူ အရမ်းကိုကြောက်သွားပြီး သူ ခြေ​ထောက်​တွေတောင် ခွေကျ​တော့မလို့ဖြစ်သွားရသည်။

"ခင်ဗျား ခွေး​တွေလား?" ဒါရိုက်တာကျုံး စိတ်ငြိမ်​အောင်ထားလိုက်ရင်း  တံခါးကို လော့ခ်ချလိုက်သည်။

"မဟုတ်ပါဘူး!" မုချိုးက သူ့ထက်​တောင် စိတ်ရှုပ်​နေသည့်ပုံနဲ့ "ကိုယ်က အရမ်းအလုပ်များတာကို ဘယ်လိုလုပ်ပြီး ခွေးတစ်​ကောင် မွေးဖို့ အချိန်ရှိမှာလဲ?သူတို့က အောက်ထပ်အိမ်တစ်အိမ်က မွေးထားပြီး အခု အခန်းအပြင် ထွက်လာတာဖြစ်ရမယ်!"

"ဒါဆိုရင် မြန်မြန်​လေး ဖုန်းဆက်ပြီး လာ​ခေါ်ခိုင်းလိုက်​လေ!" ငယ်ဘဝက trauma ကြောင့် အရမ်းကို စိတ်ထိခိုက်ခဲ့ရသည်မို့ ကျုံးလီဖုန်းပိုင်သည် ဒီ​ခွေးကြီး​​တွေကို လုံးဝ​ကြောက်ရွံ့သည်။

မုချိုး ဖုန်း​ခေါ်ချင်​ယောင်​ဆောင်လိုက်ပြီး​နောက် ပြောလိုက်၏ "ဖုန်းမကိုင်ဘူး "

ဒါ​ပေါ့! ဖုန်းကိုယ်မယ့်သူ ဘယ်​ရှိပါ့မလဲ!

"ဒါဆိုရင် မြန်မြန်လေးမောင်းထုတ်လိုက်​လေ" ကျုံးလီဖုန်းပိုင် ပြောလိုက်သည်။

သူဘာလို့ အဲ့လိုမျိုး လုပ်ရမှာလဲ! ဥက္ကဌမု သူ့စိတ်ထဲမှာ ကြုံးဝါးလိုက်ကာ.....ဒီ​ခွေး​တွေကို ခေါ်လာ​ပေးဖို့ တစ်​ယောက်ယောက်ကို အထူးတလည် မှာထားရတာကို!

ထို့​ကြောင့် သူ တည်ငြိမ်စွာဖြင့် " ကိုယ်လည်း ကြောက်တယ်”

"............"

"ခင်ဗျား ရည်ရွယ်ချက်ရှိရှိ တမင်လုပ်နေတာမလား!" ကျုံးလီဖုန်းပိုင် ဖော်ထုတ်လိုက်သည်။
ဒီခန္ဓာကိုယ်ကြီးနဲ့ ခွေး​တွေကို ကြောက်တယ်​ပေါ့!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now