[35.2]

2.3K 440 7
                                    

[Unicode]

အင်းဆက်ဖမ်းခြင်းနှင့် အတူတကွ လုပ်​ဆောင်ခြင်း

အစတုန်းကတော့ သူတို့သည် ငါးမျှားပြီး စား​သောက်ကြဖို့သာ booking တင်ထားခဲ့​ပေမယ့်လည်း ဒီ​နေရာရဲ့ ရှူ့ခင်းက အရမ်းကို သာယာတယ်လို့ ထင်မိတာ​
ကြောင့် ချိုးကျီယန် ဒီ​နေရာမှာပဲ တစ်ညတည်းဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်သည်။

စိမ်းလန်းတဲ့ဝါးငယ်တို့ဖြင့် ဆောက်လုပ်ထားတဲ့ ဝါးရုံအိမ်ငယ်​လေးက အရမ်းကိုမှ လှပလွန်းသည်။

ပထမဆုံးအကြိမ်အ​နေနဲ့ ထန်​ရှောင်းယွီသည် အိပ်မ​ပျော်နိုင်​လောက်​​အောင် စိတ်လှုပ်ရှားနေရသည်။
သူ အပြင်ကိုထွက်ပြီး လေညင်းခံချင်တာ​ကြောင့် ကော်ရစ်တာကို ထွက်ရန် တံခါးကို တွန်းဖွင့်လိုက်သည်။

တစ်ဖက်အခန်းမှာ အနားယူ​နေတဲ့ ချိုးကျီယန်က တံခါးဖွင့်သံ​ကြောင့် နိုးသွားပြီး သူသည်လည်း အပြင်ကို ထွက်လာခဲ့သည်။

"မင်း ဘာလို့ မအိပ်​​သေးတာလဲ?"

"......ကျွန်တော် ပိုးစုန်းကြူး​လေး​တွေကို
ကြည့်​နေတာ" စိတ်လှုပ်ရှားနေလို့ အိပ်လို့​တောင်မ​ပျော်ဘူးဆိုတဲ့ အ​ကြောင်းပြချက်က ရှက်စရာ​​ကောင်းတယ်လို့ ခံစားမိတာ​ကြောင့် ထန်​ရှောင်းယွီ တခြား အ​ကြောင်းပြချက်ကို ပေးလိုက်သည်။

"ပိုးစုန်းကြူး​တွေကို သ​ဘောကျတာလား?" ချိုးကျီယန် ရယ်လိုက်ပြီး သူ့ကို ထိုင်ခုံ​ပေါ်က​နေ ဆွဲထူလိုက်သည်။ "သွားကြရ​အောင်, ပိုးစုန်းကြူး​တွေ အများကြီးရှိတဲ့​နေရာကို ခေါ်သွား​ပေးမယ် !"

နာမည်ကြီး အနုပညာရှင်တစ်​ယောက်က ညလယ်ကြီးမှာ အင်းဆက်​ကောင်လေး​တွေကို ဖမ်းဖို့အတွက်နဲ့ သူ့ကို​ခေါ်သွား​ပေးဖို့ လိုလိုလားလားရှိ​နေမယ်လို့ သူမထင်ထားခဲ့ပေ။

ထန်​ရှောင်းယွီ အိတ်​လေးကို ကိုင်ရင်း ချိုးကျီယန်ကို မကြည့်ပဲ မ​နေနိုင်​တော့ဘဲ ခေါင်းကိုလှည့်လိုက်ရာ တလက်လက်​တောက်​ပနေတဲ့ ကြယ်​လေးတွေလိုမျိုး,သူ့ရဲ့မျက်ဝန်းတွေကို တွေ့လိုက်ရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now