[36.1]

2.2K 397 1
                                    

[Unicode]

မ​တော်တဆမှုနှင့် သူက မင်းရဲ့ မေ​မေ

မစ္စတာဒါရိုက်တာသည် ဆုနိုရဲ့ event ကျင်းပမည့်နေရာကို ကိုယ်တိုင်လိုက်သွားချင်​သော်လည်း သူ့ရဲ့အလုပ်​တွေက အရမ်းများနေလွန်းလို့ သူ့ခဗျာ နားချိန်​တောင်မရှိ​ပေ။ ဒါ့​ကြောင့်ပဲ " ဇနီး​လေးက သူ့ရဲ့ စိတ်ကူးယဥ် အချစ်ပြိုင်ဘက်နဲ့အတူ ပွဲတက်ပြီး red carpet အတူတူ​လျှောက်​နေရချိန်မှာ,သူက​တော့ အချိန်ပို အလုပ်ဆင်း​နေတယ်" ဆိုတဲ့ ကြောက်စရာဖြစ်ရပ်မှန်ကြီးကို လက်မခံချင်ဘဲ လက်ခံရ​တော့သည်။

အရမ်းကို ဝမ်းနည်းစရာကောင်းတာပဲ!

နေ့ခင်းပွဲသည် ကုန်တိုက်တစ်ခုတွင် ကျင်းပမှာဖြစ်ပြီး ပွဲစမည့်အချိန်က ၃ခွဲဖြစ်ကာ အချိန်ကလည်း နီးကပ်​နေပြီဖြစ်တာ​ကြောင့် ဒိုင်အန်း သူ့ကို စတိုင်ကျကျနဲ့ သွားစေချင်တဲ့အတွက်​ကြောင့်လည်း ပွဲ​နေရာကို ၃နာရီအတိ​ရောက်​အောင် ခေါ်သွားလိုက်သည်။

"ခဏနေအုံး!ကားကို ပတ်​မောင်းလိုက် " သွား
မည့်​နေရာကို မြင်​နေရပြီ ဖြစ်တဲ့အချိန်မှာပဲ ဆုနို ချက်ချင်းကြီး အသည်းအသန်ထပြောလိုက်သည်။

"ဘယ်​နေရာကို သွားပတ်​မောင်းရမှာလဲ?"  ဒိုင်အန်း အခက်​တွေ့သွားရသည်။ "လမ်းကိုပဲ နောက်တစ်​ခေါက် ထပ်ပတ်!"

ဆုနို လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး "ငါတို့ ချိုးကျီယန်ထက် နောက်ကျဖို့လိုတယ်!"

"........"

နောက်ကျတဲ့သူက နာမည်အကြီးဆုံး စတားတစ်​ယောက်ပဲဆိုတဲ့ ကိစ္စ​​လေးကို စိတ်ထဲထားတုန်းပဲလား!ဒိုင်အန်း ရယ်ရခက်ငိုရခက်ဖြင့် သူ့သ​ဘောအတိုင်းပတ်​မောင်း​ပေးလိုက်ကာ မိနစ်နှစ်ဆယ်ကို နောက်ကျသွား​လေသည်။

ချိုးကျီယန်က သူ့ကို စောင့်​နေရပြီဖြစ်တာ​ကြောင့် ဆုနို ကျေနပ်သွားကာ အရမ်းကိုမှ နေလို့ထိုင်လို့ ကောင်းသွား​တော့သည်။

ဟောခန်းမကြီးနဲ့ ပွဲစမည့်​နေရာမှာ ချိုးကျီယန်နဲ့ ဆုနိုတိုရဲ့ ဖန်​တွေဖြင့် ပြည့်နှက်​နေသည်။
အထူးသဖြင့် မီနီစကက်​လေး​တွေ ဝတ်ထားတဲ့ကောင်မ​လေးတွေက ပိုလို​တောင်များ​သေးသည်။
ထန်​ရှောင်းယွီ လူအုပ်ကြီးကိုကြည့်ဖို့အတွက် လမ်းတစ်ဝက်ထိ သွားကြည့်လိုက်ကာ အရမ်းကို ထိတ်
လန့်တကြားဖြစ်သွားတော့သည်။ချိုးကျီယန်က စတားတစ်​ယောက် ဖြစ်တယ်ဆိုတာ သူသိ​ပေမယ့်လည်း ဒီမြင်ကွင်းကြီး ကြောက်စရာ​ကောင်းလွန်းနေ၏။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now