[36.2]

2K 425 4
                                    

[Unicode]

မ​တော်တဆမှုနှင့် သူက မင်းရဲ့ မေ​မေ

ဒိုင်အန်း အခုမှ အသက်ရှူချောင်သွား​လေသည်။
ဒီဘိုး​ဘေးလေးကို ချွေးသိပ်​ပေးဖို့က အရမ်းကိုခက်တာပဲ!

၁၀မိနစ်အကြာမှာ....catwalkက စ​တင်ပါတော့သည်။

အဲ့ဒီ​နောက် သူတို့နှစ်​ယောက်ကို catwalk စီစဉ်သူဒါရိုက်တာက စင်​နောက်ကို ခေါ်သွားပြီး ရှိုးပြရမည့် ပစ္စည်း​တွေကို ပြပေးနေသည်။

ဒိုင်အန်းနဲ့ မိုင်ခယ့်တို့က​တော့ တစ်​ယောက်ကို တစ်​ယောက် ပွေ့ဖက်လိုက်ကြကာ အတုအ​ယောင်ချီးကျူးပြီး အချင်းချင်း ထောပနာ​တွေပြုနေကြသည်။အဲ့ဒီ​နောက်မှာတော့ သူတို့ စိတ်ထဲမှာ အချင်းချင်း ဆဲ​ရေးလိုက်ကြသည်။
တကယ်ကို အ​ယောင်​ဆောင်သမား​တွေပဲ!

ဖန်ကလပ်က ပရိတ်သတ်တွေကလည်း မနက်အစောကြီးကတည်းက ရောက်လာကြပြီး သူတို့ရဲ့ idol ကို အကောင်းဆုံးရှု့​ထောင့်က​နေ အား​ပေးဖို့ နေရာကောင်းတစ်ခုကို ရှာ​ဖွေ​ထားနှင့်ပြီးပြီဖြစ်သည်။
ဒါကြောင့်သူတို့ခင်ဗျာ နာရီအနည်းငယ်စောင့်နေပြီးပြီဖြစ်ကာ အဖွင့်သီချင်းကိုကြားလိုက်တဲ့အခါ ကောင်မလေးတွေရဲ့စိတ်ထဲမှာ ဘယ်လိုခံစားသွားရမလဲဆိုတာကို နားလည်ပေးဖို့က လွယ်ပါ၏။

စူးစူးရှရှ အော်သံ​တွေက နားအူမတက်ကို ဆူထွက်​​လို့လာသည်။ ဆု​ရှောင်းနိုလေးရဲ့ စိတ်အ​ခြေအ​နေက တအားကို တက်ကြွ​နေတာ​ကြောင့် အကောင်းဆုံး ပြုံးပြ​နေပြီး တစ်​ယောက်​သောသူက​တော့ ပုံမှန်​ဖြစ်​နေကာ အေးစက်တဲ့ အသွင်ကို ဆောင်​နေသည်။

လှပပြီး ကျော့ရှင်းတဲ့အပြုံးလေးကို ချိတ်ဆွဲထားသည့် သူတို့နောက်ကို ကင်မရာသမားက ချိန်လို​က်​ပြီး screen မျက်နှာပြင်ကြီးပေါ်မှာတင်လိုက်ပြီးချိန်မှာပဲ ကောင်မလေးတွေက ချက်ချင်းပင် အသက်ရှူရပ်သွားတော့သည်။
တကယ်ကိုချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်ဝလွန်းတယ်! 

ထို့ကြောင့် စူးရှတဲ့အော်ဟစ်သံတွေက ပို၍ပင် ပြင်းထန်လာပြီး အခမ်းအနားကျင်းပ​နေသည့် နေရာရှိ လေထုကလည်း အလွန်မြင့်တက်လာတော့သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now