Chapter 1.4 - နားမလည်နိုင်သောအတိတ် (၄)

790 84 19
                                    

Unicode

တစ်ခါတစ်လေမှာ မင်းလိုချင်တာကိုရဖို့ အတွက် သတ္တိရှိဖို့လိုလိမ့်မယ်။ ရှစ်ယီးရဲ့ ရဲရင့်တဲ့လုပ်ရပ်ကနေ ရလဒ် တစ်ခုခုထွက်လာမှာလား??

Chapter 1.4   - နားမလည်နိုင်သောအတိတ် (၄)

နောက်တစ်နေ့တော့ ရှစ်ယီးတို့ အုပ်စု ရှီအန်းမှာရှိတဲ့ နာမည်ကြီးနေရာအချို့ကို သူတို့ဘာသာ သူတို့ပဲ အလည်အပတ်သွားခဲ့ကြသည်။  ခရီးသွားဧည့်သည်များကြား ရှစ်ယီး တစ်ယောက် သမိုင်းဝင်နေရာများကို ကြည့်ရှုနေရင်း သူမနဲ့ ရင်းနှီးကျွမ်း ၀င်သောခံစားချက်ရပေမယ့် သူမ ဘာကိုမှသိသိသာသာမှတ်မိနိုင်စွမ်းမရှိပေ

ကလေးဘ၀တုန်းက သူမရဲ့အတိတ်ဘ၀က အမှတ်တရတွေကို ကွက်ကွက်ကွင်းကွင်း အရမ်း တိတိကျကျ မှတ်မိနေခဲ့လို့ သူမကိုယ်သူမ အထင်ကြီးခဲ့မိသည်။

သို့သော်လဲ မူကြိုမှ မူလတန်း  မူလတန်းမှအလယ်တန်း
အလယ်တန်းကနေ တဖြည်းဖြည်း အချိန်ကြာလာတာအမျှ
ထိုအရင်ဘ၀ မှတ်ဥာဏ်အားလုံး တဖြည်းဖြည်းမှေးမှိန်လာတော့သွားသည်။ အတိတ်မှတ်ဉာဏ်တွေကို ပြန်စဉ်းစားတဲ့အခါ
ပိုပြီး ထူးဆန်းလာကာ မက်ခဲ့ဖူးတဲ့အိမ်မက်တစ်ခုလိုပဲ ခံစားရတော့သည် ။  သူမကိုယ်တိုင်သာ

"သူ့ကိုတွေ့ကို တွေ့ရမယ် "

ဟု ထပ်ခါထပ်ခါ သတိမပေးခဲ့ပါက ကျိုးရှန်းချန်ဆိုနဲ့ လူသားနဲ့ ပတ်သတ်တဲ့ အမှတ်ရစရာအားလုံးသည် အစအနပင် မကျန်ဘဲ သူမမှတ်ဥာဏ်ထဲက အားလုံးဟာလဲ လေလိုမျိုး အစထဲက မရှိခဲ့သလို ပျောက်ကွယ်သွားမှာ ဖြစ်သည်။

ရှစ်ယီးတို့ ရှီအန်းမှာနေတဲ့ နောက်ဆုံးနေ့ရောက်လာတဲ့အချိန်မှာသူမနဲ့ ရှောင်ယွီတို့နှစ်ယောက်က အရင်ရက်က လျှောက်သွားခဲ့တဲ့ အရှိန်နဲ့ ပင်ပန်းနေခဲ့သည်။ နောက်ဆုံးနေ့လဲ ဖြစ်တာကြောင့် ရှောင်ရွှိုက်က သူ့မိဘများနဲ့  ရှီအန်းကို အတူတူဖြတ်သန်းဖို့ ဟော်တည်ကနေ အိမမ်ပြန်သွားသည် ။ ဒါပေမယ့် ရှစ်ယီးတို့ သေချာ အဆင်ပြေစေရန် အကုန်လုံးကို အပြီးသတ် စီစဉ်ပေးသွားသည် ။

ရှစ်ယီး မနက်က သူမမန်နေဂျာပို့ ပေးလိုက်သည့် စာရွက်စာတမ်းကို  print ထုတ်ရန် ဟိုတယ်ဧည့်ကြိုကောင်တာရှေ့သို့ သွားလိုက်သည်။

 One Life, One Incarnation - Beautiful Bones(Myanmar Translation)Where stories live. Discover now