[37.1]

2.1K 440 12
                                    

[Unicode]

ဝမ်မုနိုင်းနိုင်းနှင့် သွေး​နှောကပြားဆယ်လီ

သားတစ်ယောက်ကို မွေးထားတယ်ဆိုတဲ့အိပ်မက်ကို မက်တာက တကယ့်ကိုကြောက်စရာကောင်းတဲ့ကိစ္စပင်။
ဆုနိုရဲ့အဝတ်​တွေက ချွေး​အေး​တွေဖြင့် စိုရွှဲ​နေပြီး ကြောက်လန့်တကြားဖြင့် မျက်ခွံတွေ ပွင့်လာခဲ့သည်။

"နိုနို!" ဟန်ဝေ သူ့လက်တွေကို ဆုပ်ကိုင်လိုက်ပြီး "မင်းဘယ်လိုနေ​သေးလဲ?"

ဆုနိုကတော့ သူ့အိမ်မက်​ထောင်​ချောက်မှာပဲ ပိတ်မိ​နေဆဲဖြစ်သည်။

သူ ဒီ​လောက်ကြီးတဲ့ သားတစ်​ယောက်ကို ဘယ်​နေရာက​နေများ မွေးလိုက်တာလဲ?သူ နှလုံး​​ဖောက်လုနီးပါး လန့်ဖြန့်သွားရ၏။

"နိုနို?" သူ့ရဲ့မျှော်လင့်ချက်မဲ့​နေတဲ့ မျက်ဝန်းတွေကို တွေ့​တော့ ဟန်​ဝေခင်ဗျာ ဗျာများ​နေရပြီ!
သူ့​ခေါင်းကိုထိခိုက်သွားတာဆို​တော့ ချာတူးလန်​နေတဲ့ရုပ်ရှင်တွေထဲကလို အတိတ်​မေ့သွားတာများလား?

"အဲ့ဒီက​လေးက ငါ့က​​လေး လုံးဝမဖြစ်နိုင်ဘူး!"
ဆုနို ဒီအ​ကြောင်းကို လုံးဝလက်မခံနိုင်ဘူး ဖြစ်​နေသည်။

"ဘယ်က​လေးလဲ?"ဟန်​ဝေ တွေ​​ဝေသွား၏။

"မင်းက​လေးလား?"

"........"

ဆုနိုရဲ့ခေါင်းက အခုမှ နည်းနည်းကြည်လာရသည်။

"အစ်ကိုကြီးလား?ဘယ်လိုလုပ် ဒီကို ရောက်​နေတာလဲ?"

"မင်း အကြီးအကျယ်ထိခိုက်သွားတယ်ဆိုတာကို ကြားတာနဲ့ ငါဒီကို ရောက်လာတာ"

ဟန်​ဝေ အိပ်ယာ​ခေါင်းရင်းက ခလုတ်ကို နှိပ်လိုက်သည်။ " ဆိုးဆိုးရွားရွား နာ​နေသေးလား?"

"ကျွန်တော့်ခေါင်းက နာ​နေတယ် ပြီး​တော့ ကျွန်တော်ခြေ​ထောက်​က....အား!!!" ဆုနို မံမီစတိုင်ဖြစ်​နေတဲ့ သူ့​ခြေ​ထောက်ကိုကြည့်ပြီး လန့်သွားရသည်။ "ကျွန်တော်ခြေ​ထောက်​..ဘာဖြစ်သွားတာလဲ!

"အရိုးကျိုးသွားတာ" ဟန်​ဝေ သူ့​ခြေ​ထောက်​ကို မျှော်လင့်ချက်မဲ့စွာ ကြည့်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now