[38.1]

2.1K 424 0
                                    

[Unicode]

ပြင်သစ်အနမ်းလေးလိုချင်တယ်နှင့် လူမှားပြီး တွေ့ဆုံရခြင်း

 
ခြောက်နိုင်ငံ​သွေး​တွေ​ရော​နေ​မှတော့ ယဲ့ဖုန်းဝူကား ကျိန်း​သေ​ပေါက် ချော​မောရ​တော့တာပေါ့!

ရုပ်ရှင်ထဲမှာ​တော့ သူက ရင့်ကျက်တည်ကြည်ပြီး ဂုဏ်သိက္ခာရှိတဲ့ ဥက္ကဌလုံ​အော်ထျန်း အဖြစ် သရုပ်ဆောင်ထားသည်။ ဝတ္ထုတိုင်းရဲ့ ပင်ကိုယ်စရိုက်တွေစုထားတဲ့အတိုင်းပဲ။

လုံ! အော်! ထျန်း!

နာမည်ကို နား​ထောင်လိုက်တာနဲ့တင် လေထုတစ်ခုလုံးရဲ့လယ်ဗယ်က မြင့်သွားရပြီ!

T/N: လုံ = အေး​သော , အော် = ဂုဏ်ယူ​သော, ထျန်း = ကောင်းကင်

ပိုပြီးနာကျင်ရ​တာတော့ မုချိုးနဲ့တူတဲ့ မင်းသားက တကယ်ပဲ တဏှာရုပ်ရှင်ကားထဲမှာ သရုပ်​ဆောင်ထားတာပဲ။ ပြီးတော့လည်း အရန်ဇာတ်​ကောင်က အရမ်းကို ဝမ်းနည်းစရာကောင်းပြီး အ​ရေးကြီးတဲ့ ဇာတ်​​ကောင်လည်း ဖြစ်သည်။

မီဒီယာတွေအားလုံးက ဒီရုပ်ရှင်က ယဲ့ဖုန်းဝူကို နာမည်ကျော်ကြားစေမည့် ရုပ်ရှင်လို့ ပြောကြ၏။ ဒါ​ပေမယ့် နောက်တစ်​နေ့​ရောက်​တော့ ဒီရုပ်ရှင်က အဓိကထိပ်တန်း,ညစ်ညမ်းရုပ်ရှင်တစ်ကားသာဖြစ်တယ်လို့ ပြောကြပြန်​ရော။

ဇာတ်ညွှန်းက​တော့ သဘာဝကျကျရိုးရှင်းပါသည်။စီအီးအိုနဲ့ အတွင်း​​ရေးမှူး​လေးကြားက ဆက်ဆံရေးအ​ကြောင်းကို အဓိက ရိုက်ထားတာပဲဖြစ်သည်။
မုချိုး ဖန်သားပြင်​ပေါ်က ကိုယ်လုံးတီးတွေနဲ့ လှုပ်ရှား​နေသည့်ပုံရိပ်​တွေကို ကြည့်ပြီး သူ့ရဲ့စိတ်ထဲမှာ ရှုပ်​ထွေး​နေလွန်းလို့ စကားလုံးတွေနဲ့​တောင် မ​ဖော်ပြနိုင်​တော့ပေ။

လိင်ဆက်ဆံ​နေသည့်ဇာတ်ဝင်ခန်းကို စလာကတည်း
က အရင်ဆုံးပြထားသည်မှာ လူ​တွေကို လန့်သွား​စေဖို့ လုံ​လောက်၏။ဒါ​ပေမယ့် အဲ့လူ​တွေထဲမှာ​တော့ ကျုံးလီဖုန်းပိုင် မပါဝင်​ပေ။

ဘာလို့လဲဆိုတော့ သူက အနုပညာသမားတစ်​ယောက်မို့လို့ပဲ! ယဲ့ဖုန်းဝူက သူရဲ့ခန္ဓာကိုယ်ကို အနုပညာဆီမှာ ယဇ်ပူ​ဇော်လိုက်တယ်ဆိုတဲ့အချက်ကိုက အားသာချက်ဖြစ်နိုင်တယ်လေ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now