[38.2]

2K 406 3
                                    

[Unicode]

ပြင်သစ်အနမ်းလေးလိုချင်တယ်နှင့် လူမှားပြီး တွေ့ဆုံရခြင်း

တကယ်ပဲ ဘယ်သူ့ကိုမှ မချိန်းတွေ့ ခဲ့ပြီးတော့ ကလေးကလည်း လုံးဝမရှိတာ ဖြစ်နိုင်မလား? 

ဟန်ဝေ သူ့အလုပ်စားပွဲနောက်ကခုံမှာထိုင်ပြီး သူ့လက်ထဲကအချက်အလက်တွေကိုကြည့်ရင်း ပူပန်နေရသည်။

မစ္စတာဒါရိုက်တာရဲ့ ကိုယ်​ရေးအကျဥ်း​ကြောင့် သာမာန်လူတွေနဲ့ရော​ထွေးဖို့ လွယ်ကူလွန်းတဲ့အပြင် မော်ဒယ်တွေက သူတို့ရဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ထမင်းစားဖို့ ချိန်းကြတာကပုံမှန်ပဲ​လေ။ ဒါ​ကြောင့် ဟန်ဝေ သူနဲ့ ပတ်သက်ပြီး ဘာကိုမှ သံသယမ၀င်ခဲ့ပေ။

ဆုနိုက​တော့ သူ့ရဲ့ခန့်ညားတဲ့လူကြီးက ဟန်​ဝေရဲ့စုံစမ်းစစ်ဆေးရေးက​နေ လွတ်​မြောက်သွားတယ်ဆိုတာကို မသိလိုက်​ပေ။သူ စိတ်လှုပ်ရှားစွာဖြင့် ဗီဒီယို​ကောလ် တောင် ခေါ်လိုက်​သေးသည်။

"ဒီ​နေ့ ဘယ်လိုနေ​သေးလဲ?"အိုးရန်လုံ မေးလိုက်သည်။

ဆုနို လက်ကို​မြောက်ပြီး သူ့အတွက် အလင်း
ရောင်အ​ကောင်းဆုံးရမည် ရှု့​ထောင့်ကို ရှာ​နေသည်။

အ​ခြေအ​​နေအရပ်ရပ်အားလုံးကို ထည့်တွက်ရမယ်​လေ!

"ကောင်းတယ်"

အိုးရန်လုံ သူ့ကိုကြည့်ပြီး သ​ဘောကျ​ပြီး ရယ်နေသည်။

"မနေ့ညက ကောင်းကောင်းအိပ်မပျော်ဘူးလား?" ဆုနို သူ့မျက်လုံးအောက်က အမှောင်ဝိုင်းတွေကို တွေ့လိုက်ရသည်။

"ကိုယ် ပင်ပန်းနေလို့ပါ" အလုပ်များတာ​ကြောင့်​ရော, ဆုနိုကို စိတ်ပူရတာ​ကြောင့်ပါ, အိုးရန်လုံ ခဏ​လေးသာ အိပ်လို့​ပျော်သည်။

ဆုနို​လေး ချက်ချင်းပင် နှလုံးသားလေး နာကျင်သွားရသည်။
ဒီအချိန်မှာ သူက သူ့ဘေးနားမှာရှိနေ​ပေးသင့်တာ။ သူ့ကိုအားပေးရမှာ။ အနမ်း​လေး​ရော​ပေးရမှာ။ အဲဒါကကြီးကျယ်တဲ့ကိစ္စပဲကို! အခု​တော့ ဆေးရုံကုတင်ပေါ်မှာ လှဲ​နေရတယ်လို့....ဘာကြောင့်လဲ!ဘယ်​လောက်စိတ်ပျက်စရာကောင်းလိုက်လဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now