Part One

3.7K 246 12
                                    


တီ တီ တီ တီ တီ.......

မှောင်ပိန်းနေတဲ့အခန်းထဲ ခပ်ကျယ်ကျယ် မြည်ဟီးလာတဲ့ alarm သံကို ပိတ်ဖြစ်ဖို့ရာ ကျွန်တော်လက်တွေဟာ ကုတင်ခေါင်းရင်းက စင်နားစမ်းတဝါးဝါးဖြင့် ရှာနေမိသည်။ စမ်းပြုရင်း ရှာတွေ့သွားတဲ့အခါ နာရီက alarm ကိုပိတ်ရင်း တစ်ဖန် ပြန်အိပ်ချင်းစီသို့။ သိပ်မကြာခင် ပြန်လည်ပေါ်ထွက်လာတဲ့ အသံ။  ခပ်လှမ်းလှမ်း ကနေကြားနေရတဲ့ ဖုန်းသံဟာ အတော်အတန်ကျယ်ပြီး ကျွန်တော် မကိုင်မချင်း ခေါ်နေမယ့် သဘောမှာ ရှိသည်။ ဆံပင်တွေကို ဆွဲကုတ်ရင်း စာကြည့်စားပွဲပေါ် တင်ခဲ့မိတဲ့ ဖုန်းအား ပြန်လည်ဖြေဆိုရန် သွားကိုင်ရတော့သည်။

" အေး "

" အိပ်ချင်းမူးတူးနဲ့ အေး မနေနဲ့။ ထွက်လာခဲ့တော့ "

" ပွဲက ညနေမှ။ စမှာကိုး "

 " မင်းလာရင် နေ့လည်စာစားဦးမယ်လေ။ "

" ပြီးရောကွာ ငါရေချိုးပြီးထွက်လာခဲ့မယ်။ ကျောင်းထိပ်က စောင့်နေ။ "

ခပ်မြန်မြန်သန့်စင်ပြီးနောက် စပို့ရှပ်အမဲတစ်ထည် နဲ့ ဂျင်းအပွကို ကောက်စွပ်ရင်း အကြည့်တွေက စာကြည့်စားပွဲပေါ် ။ သေပြီ မနေ့က ကင်မရာသန့်ရှင်းရေးလုပ်ရင်း အိပ်ပျော်သွားတာ ပြန်မဆင်ရသေးဘူး။ ခပ်သွက်သွက် ကောက်ဆင်ပြီး memory ကပ်တွေစစ် အပို lens တွေယူ ကင်မရာအိတ်ထဲ စီထည့်ပြီး လက်ကလဲ ခုံမှာချိတ်ထားတဲ့ shirt အင်္ကျီ ကိုလှမ်းယူကာ အလောတကြီး ပြေးထွက်ရတော့တယ်။ ၄၅ အတိမှာလာမယ့် ရထားကိုမမှီရင် နာရီဝက်အချိန်ပုပ်တော့မယ်လေ။

 စက်ဘီးကို ခပ်သုတ်သုတ်နင်းရင်းက နာရီကို ကြည့်တော့ ၇မိနစ်အလို။ ဘူတာဝင်းက စက်ဘီးစတန်းမှာ စက်ဘီးကို ကမန်းဒရမ်း ရပ်ရင်း ဘူတာစီအပြေးနှင်ရတော့တယ်။ သံလမ်းပလက်ဖောင်း အရောက် အမောဖြေရုံရှိသေး ဆိုက်ရောက်လာတဲ့ ရထား။

 " ဟူးးး... တော်သေးတယ် ကွက်တိဘဲ။ " လို့ ရေးရွတ်နေရင်း ရထားရဲ့ မှန်ထဲမြင်လိုက်ရတာက ငွေမှင်ရောင်ဆံနွယ် အုပ်အုပ်လေးတွေ ပိုင်ဆိုင်ထားတဲ့သူ။ ထိုအချိန် ရထားတံခါးပွင့်လာပြီး သူကတော့ ကျွန်တော့်ကိုကျော်ဖြတ်ကာ ဝင်ရောက်သွားတော့သည်။ ကျွန်တော်လဲ သူနောက်ကလိုက်ဝင်ရင်း ကျွန်တော် ထိုင်နေကျ နောက်ဘက်ဒေါင့်နားစီသို့။

The Director Where stories live. Discover now